Professional Authors

အားလုံးကို……နှုတ်ဆက်လိုက်ပါတယ်

နိုဝင်ဘာ ၃၀ ညနေ ၅ နာရီလောက်မှာ
ကျွန်တော်ဘယ်လိုမှထင်မထားတဲ့ သတင်းဆိုးကြီးကြားလိုက်ရတယ်
အဲ့ဒီနောက် သေအောင်ခံစားရတယ် ရူးမတတ်ဘဲ တော်တော်နာကျင်တယ်
အရှိုက်ကိုတည့်တည့်ထိစေတဲ့ သတင်းဆိုးကြီးဗျာ
ကျွန်တော် စိတ်ဆင်းရဲမှုတွေများလွန်းလို့ ဒီ site မှာကဗျာလာတင်ဖြစ်ခဲ့တာ
ဒီမှာကဗျာလာတင်ရင် ဖတ်တဲ့သူတွေ အားပေးတဲ့သူတွေနဲ့ ဒီမှာကျွန်တော့အတွက် စိတ်ဆင်းရဲစရာနေရာမရှိဘူး
ဒါပေမယ့်……………………
ခုနက သတင်းဆိုးကြီးကြောင့် ကျွန်တော်အခုမျက်ရည်တွေတော်တော်ခမ်းနေပြီ
အခုတောင် မျက်ရည်တွေ ခြောက်လက်စမှာ ကျွန်တော်အားတင်းပြီး စာရိုက်နေတာ
ကဗျာညီအစ်ကိုမောင်နှမအားလုံးကို ကျွန်တော်အရမ်းခင်တယ် တန်ဖိုးလည်းထားတယ်
ဒါပေမယ့်……………………
ကျွန်တော် အခုစိတ်အရမ်းထိခိုက်နေတယ် ကဗျာတင်ဖို့မဖြစ်နိုင်လောက်ဘူး
ဒါကြောင့် ကျွန်တော် ဒီကနေထွက်သွားတော့မယ်ဗျာ
အားလုံးကို  အနူးအညွတ်တောင်းပန်ပါတယ်
မထွက်သွားချင်ဘူးဗျာ….ကျွန်တော့မှာ. ..ပျော်စရာဆိုလို့ ဒီ site မှာကဗျာလာတင်တဲ့အချိန်လေးပဲ ရှိတာ
ကျွန်တော် စိတ်သစ် လူသစ် နဲ့ ဘဝသစ်ကို စနိုင်တဲ့တစ်ချိန်ကျရင်တော့ ဒီကို ပြန်လာမယ်……ဟုတ်တယ်  ပြန်လာမယ်ဗျာ
အားလုံးပဲ ဒီစာလေးကို ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော့ကြောင့် စိတ်မကောင်းဖြစ်သွားရင်လည်း တောင်းပန်ပါတယ်
အားလုံးကို ဒီစာလေးနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။
ကျွန်တော့်ကို ခင်တဲ့ ကဗျာညီအစ်ကိုမောင်နှမအားလုံး စိတ်ချမ်းသာပါစေ။

                                                                                                Ray

In: Others Posted By: Date: Dec 1, 2011
Comment #1

ညတိုင်းလိုလို ကောင်းကင်ထဲ ကြယ်တွေကြွေနေကြတယ်။ ကြယ်ကြွေတဲ့ သဘောတရားသိပေမဲ့ ရင်မှာထင်ကျန်ခဲ့တာက စိတ်မကောင်းခြင်းတွေ။ ကြယ်တွေကြွေဖို့ ထိုင်ကြည့်နေခဲ့တာ မဟုတ်ဘူး။ ကြွေနေတဲ့ကြယ်တွေကိုပဲ ထိုင်ကြည့်နေရုံသက်သက်လေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးထင်ကျန်နေခဲ့တာလဲ
စိတ်မကောင်းခြင်းပေါ့။ ခု…ကြယ်တစ်လုံး ကြွေသွားတာမဟုတ်ဘူး။ ဟေလီကြယ်တံခွန်ကြီးလို ၇၆ နှစ်ကြာရင်ပြန်လာမယ်လို့ နှုတ်ဆက်သွားတယ် သဘောထားရင်း………….အားလုံးကစောင့်မျှော်နေကြပါတယ်ဗျာ ။

commentinfo By: မိုးလူ at Dec 1, 2011
Comment #2

ခင်ဗျား မြန်မြန် ပြန်လာတာကို ပဲ စောင့်မျှော်နေပါတယ်

Comment #3

စိတ်မကောင်းပါဘူးဗျာ

commentinfo By: mgchannaye at Dec 1, 2011
Comment #4

X-ray ရဲ့ကိစ္စက ဘယ်လောက်ကြီးမားလဲဆိုတာမသိပေမယ့်
အခက်အခဲတွေ့ပြီးတဲ့နောက် ရင်ဆိုင်ဖြေရှင်းပြီးတဲ့အခါ ရရှိလာတဲ့ အောင်မြင်မှုက အရမ်းချိုမြိန်ပါတယ်
လူတစ်ယောက်အတွက် လောကကြီးက ခံယူနိုင်တဲ့ ဒုက္ခတွေပဲပေးတာပါတဲ့
နောက်ဆုံးမှာ ထွက်ပေါက်တစ်ခုကိုတော့ ပေးထားမြဲပါပဲလို့ဖတ်ဖူးပါတယ်
တစ်ချို့အရာတွေက ငြင်းဆန်လို့မရရင် လက်သင့်ခံလိုက်တာ အေးချမ်းဆုံးပါပဲ
ရွေးချယ်ခွင့်မရှိတဲ့အရာတွေကို မရွေးချယ်ပဲ လက်သင့်ခံလိုက်တာ အကောင်းဆုံးပဲ
အရာအားလုံးကို လက်သင့်ခံနိုင်စွမ်းရှိရင် စိတ်ချမ်းသာမှုကိုသေချာပေါက်ရမှာပဲ…
တချို့အရာတွေ ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေအတွက်နောင်တဆိုတာရှိသင့်ပေမယ့်
ငါ လုပ်ခဲ့မိတယ်ဆိုတာကို အကြိမ်ကြိမ်တွေးပြီး ကိုယ့်ကိုယ်ကို သေဆုံးစေခြင်းထက်
နောင်ထပ်မလုပ်မိဖို့ကြိုးစား ပြီးတော့ လုပ်ခဲ့တဲ့ အမှားကို တနုံ့နုံ့နဲ့စဉ်းစားပြီး နာကျင်နေတာထက် မေ့ပစ်လိုက်တာအကောင်းဆုံးပဲလို့ထင်ပါတယ်။
(ဆရာလုပ်တာမဟုတ်ပါဘူး…တစ်ခုခုရသွားမယ်ဆိုရင် ၀မ်းသာပါတယ်)

commentinfo By: Shinny at Dec 1, 2011
Comment #5

what’s wrong with u?
we all r fris,
tell us clearly so that we all can help & support u.

commentinfo By: ei lay at Dec 1, 2011
Comment #6

မြန်မြန်ပြန်လာပါ..ကဗျာသူငယ်ချင်းရယ်…အားလုံး လွမ်းနေရပါတယ်………
ပျော်ရွှင်ပါစေ…

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #7

အစ်မတော်မိုးရယ် Ray လည်း ကဗျာတွေကိုရော မောင်နှမတွေကိုရော သတိရတယ် ဒါကြောင့် အခု အစ်မတို့ရင်ခုန်သံတွေ ကြားရဖို့ဒီကဗျာရင်ဘတ်ကြီးဆီ ပြန်လာပါပြီ မှန်တာပြောရင် စိတ်သစ် လူသစ်တော့ မဖြစ်သေးဘူး ဒါပေမယ့် ဘဝသစ်တစ်ခုတော့ရနေပါပြီ စိတ်သစ် လူသစ်ဖြစ်ဖို့တော့ ကြိုးစားရဦးမယ် အားလုံးဘဲ ကျွန်တော်ထွက်သွားတုန်းက သတိတရရှိပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment