Professional Authors

အချစ်ဆိုတာဘာလဲ(KhwetAungKhwin)

အလျှားအနံမရှိ
မျက်စိနဲ့ကြည့်မမြင်
ဘယ်ရင်ခွင်မဆိုသူရောက်
ဘယ်လောက်ရိုးရိုး
ဘယ်လောက်ဆိုးဆိုး
သူစိုးမိုးကာအုပ်ချုပ်
ရင်ခွင်ကိုတုန်လှုပ်စေတာ
အချစ်လား …………….

မကြာခဏတွေ့မြင်ရပြီး
ရင်မှပွင့်ဖူးရွက်သစ်ဦးကြောင့်
ကြည်နူးခါခါသူ့ကိုသာဘဲ
ဒီရင်ထဲမှာစွဲစွဲလန်းလန်း
ရူးနှမ်းနှမ်းနဲ့တမ်းတမ်းတတ
မြင်ချင်ရတာ မေးပါရစေ
အဲ့ဒါကရောအချစ်တဲ့လား………………..

ဝေးကွာသွားကမေ့မရ
တမ်းတလွမ်းတာ
အချစ်လား ………………….

သူ့ရဲ့အနား
ရောက်ခဲ့ငြားက
ပျော်ပါးခါခါဖြစ်ရတာ
အဲ့ဒါအချစ်လား …………..

ဝမ်းနည်းဝမ်းသာ
စိတ်ညစ်တာနဲ့
ပျင်းတာပျော်တာ
မျိုစုံလာအောင်
သူဟာချက်ခြင်း
ပြောင်းလဲခြင်းနဲ့
လက်ငင်းလုပ်နိုင်တာ
အချစ်လား

ချစ်သူနဲ့ဆုံ
ဒူတွေတုန်ပြီး
ရင်ခုန်နှုန်းဟာ
မြန်နေတာ
အဲ့ဒါအချစ်လား

သူကစွန့်ခွာ
ရင်ခွင်မှာက
ဟာတာတာဖြစ်
လွမ်းကျန်ရစ်တာ
အချစ်လား

ရူးသွပ်ခြင်းနဲ့
စပျိုးခဲ့လည်း
ပျော်မဲ့ရက်တွေ
မျှော်ခဲ့လေလည်း
ရက်တွေများစွာ
လွမ်းကျန်တာ
အဲ့ဒါအချစ်လား

ဖြူဖြူမဲမဲ
မသဲကွဲလည်း
ရင်ထဲစွဲရစ်
အားမာန်ဖြစ်စေတာ
အချစ်လား

အချစ်ဆိုတာ
ဘယ်လိုဟာလည်း
ကမ္ဘာပေါ်ရ
ှိခန္ဒာရှိတဲ့
သက်ရှိတိုင်းဖြစ်
တဏှာစစ်က
အချစ်ဖြစ်စေတာလား

ဒါမှမဟုတ်
ရိုးသားဖြူစင်
သံယောဇဉ်က
ဆွဲငင်မှူ့ပေး
အခွင့်ရေးကြောင့်
မဝေးစေချင်
သူရဲ့ရင်မှာ
ခိုဝင်ပါဟု
ခွင့်ပြုမှူ့က
ယခုဘဝ
ပိုင်ဆိုင်ကြတဲ့
လှပတင့်တယ်
ကျား-မ ငယ်တို့
နှောင်တွယ်ကာဖြစ်
တမ်းတရစ်တာ
အချစ်လား…………..? (myowinnthan@)

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

he,,he,,
really perfect.
right,

commentinfo By: ei lay at May 28, 2012
Comment #2

really really like this perfect meaningful nice poem.
😛
😛

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment