Professional Authors

စိတ္တဇ – ငါ နဲ့ ည

ဒါ ကဗျာလေမောင်

မောင်မခံစားတတ်တဲ့

ငါ့ချစ်ခြင်းပုံလွှာ

**အနူးညံ့ဆုံး ကာရံပေါ့ **

 

ကဗျာသန္ဓေက ဒီကစတယ်မောင်!

ကပ်ပါးပိုးလို တွယ်ကပ်နေတဲ့

လက်ဖမိုးနဲ့လက်ကောက်ဝတ်ကြားက

သွေးကြောစိမ်းစိမ်းလေးတွေလေ…

လေပြေညင်းညင်းလေးတွေနဲ့အတူ

နွေးထွေးခြင်းတွေ အုံလိုက်ကျင်းလိုက်နဲ့

**ခုထိ ငါ့ကို ချော့မြူနေတတ်တုန်း**

 

သင်းရနံ့ ဖြူလွလွလေးလား!
 

မောင်ခြယ်ခဲ့တဲ့ ရယ်သံပါးပါးလေးနဲ့

ပန်းချီကားလှလှလေးပေါ့မောင်

**နံရံမှာ ဖုန်မတက်ဘဲ ငါခုထိ ချိတ်ဆွဲထားဆဲ**

 

အိပ်ဆေးခတ်မရတဲ့ ညတွေလား!

 

သန်းခေါင်ထက်နက်ခဲ့တဲ့ အချိန်တွေ

ငါ့ကိုယ်ငါ ခြေရာဖျောက်ရင်း

လူမသိ သူမသိ

**ငါ့စိတ်ကူးနဲ့ ငါ့ကိုယ်ငါ ရူးပစ်လိုက်တာပေါ့မောင်**

 

အဆင်ပြေပါတယ်မောင်ရဲ့

တစ်ခါတစ်ခါ…

မရိုးနိုင်တဲ့ အလွမ်း သံစဉ်

ငါသီကြွေးနေတတ်တာကလွဲရင်…


တစ်ခါတစ်ခါ…

စိတ်အချဉ်ဖောက်ပြီး

မရိုးနိုင်တဲ့ ဆေးရောင်စုံပေါ်

ပေါက်ထွက်မတတ် စိုက်ကြည့်ရင်း

မငိုဘဲ မျက်ရည်ကျကျနေတတ်တာကလွဲရင်

**ငါအဆင်ပြေပါတယ်**

 

တစ်ခုပဲ မောင်!

 

ချစ်ခြင်းနုရောင် ခပ်ဖျော့ဖျော့လေးနဲ့

ငါတို့ ရယ်ရယ်မောမော သီကုံးခဲ့တဲ့

အနမ်းပွင့်တွေနဲ့ ကြိုးမျှင်လေးလေ

**တရားခံကတော့ သူတို့ပဲမောင်**


မောင့်အပြုံးတွေ ပဲ့တင်ထပ်တဲ့ သင်းရနံ့တွေ ရတိုင်း

အာရုံတွေ ဖမ်းမရအောင် လွတ်ထွက်သွားတဲ့ ညတိုင်း

အဲဒီပါးလျတဲ့ ကြိုးမျှင်လေး “သံယောဇဉ် သံယောဇဉ်” နဲ့

**သူ ခုထိ ငါ့ကို လှည့်စားနေတုန်းပဲ * *

 

အဲဒီကြိုး ရစ်ပတ်နေတတ်လို့

အသက်ရှုကြပ်တာကလွဲရင်


**စိတ္တဇ ကာရံမဲ့ညတွေ

 ငါ တစ်ယောက်တည်း

 အဆင်ပြေပါတယ် မောင်ရဲ့**

In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

Oh,,same
kyike hma kyike.
thank q…

commentinfo By: ei lay at Dec 27, 2012
Comment #2

ညီမကဗျာကို ဖတ်ပေးလို့ရယ်၊ ကြိုက်တယ်ဆိုလို့ရယ် ကျေးဇူးပါ အိလေး!

ကဗျာတွေ မလွတ်တမ်းလိုက်ဖတ်၊ ကွန်မန့်တွေနဲ့ အားပေးတတ်တဲ့ အိလေး ပျော်ရွှင်ပါစေ 🙂

commentinfo By: noble at Dec 27, 2012
Comment #3

ကဗျာလေးကသိမ်သိမ်မွေ့မွေ့နဲ့ဆွဲယူသွားတာ.ကောင်းတယ်နော်..အေးလေမိန်းကလေးတစ်ယောက်ရဲ့
ခံစားချက်ပေါ့…အားပေးသွားမယ်နော်…

commentinfo By: kyawnainglin174 at Dec 27, 2012
Comment #4

ကဗျာက…ငြိမ်ငြိမ်သက်သက်လေးနဲ့…အေးအေးလေးပဲဗျ
စိတ္တဇ ကာရံမဲ့ညတွေ

ငါ တစ်ယောက်တည်း

အဆင်ပြေပါတယ် မောင်ရဲ့။လို့သာ ပြောနေတာ အဆင်သိပ်မပြေလောက်ဘူးထင်တယ်နော်..ဟဲဟဲ
စတာပါ။ကဗျာကောင်းလေးတစ်ပုဒ်ပါ။

commentinfo By: poem.poem28 at Dec 27, 2012
Comment #5

**စိတ္တဇ ကာရံမဲ့ညတွေ

ငါ တစ်ယောက်တည်း

အဆင်ပြေပါတယ် မောင်ရဲ့**

အဆင်ပြေနိုင်ပါစေဗျာ…

commentinfo By: thitsankhant at Dec 27, 2012
Comment #6

*Yae de Thu tway taung ma nyii ma nyu be,,hna lone tarr yaw,,khan sarr chat yaw,,a tway a khaw tway yaw,,a chain tway yaw,,pyin nyar sone tone p phan de htar kya Tay Dar ,,,
*ei ka phat pe phat pay tar par.
*Thu myar tway ka hna lone tarr hnit khan sarr p yaee htarr tar tway ko ei ka lar le phat Tay de,,
A like le ma ti bu
*A khant ma tint yin yan tway like tay de.
*D lout soe loh hma arr ma ya Tay bu,,sate kaout tar le Shi Tay de
*A soe sone ka dot pya ta nar Shar p ngo Dar be
*Be Thu hma le ei ko bar hma ma loak be ne ei bar tar poems tway phat p NGO like Yee like ne.
*Poems corner ka Lu tway ka ta baw Kaung p ei ko narr le pay kya loh pop.
Yike pout tway chee be lae
(A pyin hmar tway yin dot yike yin yike hmar pop naw)
*p dot ho Lu ko Nout like,d Lu ko sa like ne.
(Ei ne le ta yout hma ti tar ma hote bu ,,e Dar ko e de lout a Myin Kat phoe Kaung lout aung soe par de)

He.he..

commentinfo By: ei lay at Dec 27, 2012
Comment #7

Poems corner hmar Shi de Thu tway arr lone ,,
Kyan mar kya par say,,
Chann tar kya par say,,
Sate chann tar kya par say,,
Kou kyan mar kya par say,,
A loak a kine tway arr lone a sin pyay kya par say,,
A khat. A Khe myo sone ko kyaw hlwar naing kya par say,,
Chit Thu tway ne le a sin pyay kya par say,,
A te Kwe chin hma kinn wayy kya pa say,,
Htar ke khan ya chin hma kinn way par say,,(ei a par a win)
D poems corner g hmar Chit Chit khin khin ne a kyar g de Shi naing par say,,
A like ma ti taw,,a lun soe twan taw,,a lun git tike taw,,g kya tat taw,, “ei”. a paw twin myit tar ga u nar htarr p,,ta narr ga u nar tan yaw Zin doe phyit narr le kwint hlut pay naing kya par say,

He..he…
Pyaw hmar,,so hmar,,Shi ke par ka a kone lone ko taung pan par de shint..

commentinfo By: ei lay at Dec 27, 2012
Comment #8

ဒါ ကဗျာလေမောင်

မောင်မခံစားတတ်တဲ့

ငါ့ချစ်ခြင်းပုံလွှာ

**အနူးညံ့ဆုံး ကာရံပေါ့ **

( ကြိုက်သွားတယ် ခင်ဗျ )။

commentinfo By: 13th at Dec 27, 2012
Comment #9

္က”မောင်”ဆိုတဲ့စကားလုံးက စိတ်ကူးကောင်းတဲ့လူတွေ ဒါမှမဟုတ် ကိုယ့်ကိုကိုယ်အရှုံးပေးထားတဲ့ မိန်းကလေးတွေက သူ့ ချစ်သူကိုခေါ်တတ်တာလို့ ထင်မိတယ်(ကျွန်တော်ဘာသာကောက်ချက်ချတာပါ)
အဲ…တစ်ခါတစ်ခါ ယောင်္ကျားကိုနိုင်တတ်တဲ့မိန်းမတွေလဲသုံးတတ်တယ်ပေါ့လေ..
ကျွန်တော်ကတော့ “မောင်”လို့ ခေါ်ခံရတိုင်း ကြောင်တောင်တောင်ဖြစ်သွားတတ်တယ်
မိန်းကလေးရေးတဲ့ကဗျာတွေက ဓါးပါးပါးလေးနဲ့ တူတယ်
ဓါးတွေကိုကြောက်တဲ့ ကျွန်တော် ဒီကဗျာကို မကိုင်ခဲ့ပါဘူး…
အစအဆုံးတော့ တစ်ခေါက်မကအားပေးသွားပါတယ်

commentinfo By: thahanthit at Dec 27, 2012
Comment #10

အိလေးရယ်..မနည်းဘာသာပြန်ယူရတယ်..အိလေးဆုတောင်းတာတွေ့ဖူးသလားလို့…ဘယ်မှာပါလိမ့်..
သြော်…ကားဂိတ်တွေမှာ…

commentinfo By: kyawnainglin174 at Dec 28, 2012
Comment #11

A hak..
A hak..
Bar tar pyan p yin Myanmar lo pyan yike pay par lar hin?
Kyay zu a yann tin hmar be..
😛

commentinfo By: ei lay at Dec 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment