Professional Authors

သက်ပြင်းကမ်းပြို..အရပ်မှ အကြင်နာငတ် ငှက်တစ်ကောင်အကြောင်း – နိုးဆက် နေ့

 

 

 

ကောင်းကင် သို့

ပျံသန်းလှိုစိတ် ပြင်းပြခဲ့ ပြီ..

အလင်း၏ တန်ခိုးတော် အနန္တတို့အား

ပန်ကြားပါ၏..

မြတ်နှိုးမှု ကိုဦးထိပ်တင်

အကြင်နာတို့ရဲ့ ပစ်ခွင်းခံရင်တစ်စင်းကို

လှိုက်လှဲစွာကြိုပါ….။

 

ကမ္ဘာသစ်မှာ ကဗျာချစ်တဲ့လူသား

ခွန်အားက အင်ဖနတီ..

ချစ်သူဆီ ရောက်ဖို့

လေးကိုင်းကို ခိုစီး အပျော်ကြီးပျော်နေခဲ့…

မြားတစ်စင်းလိုကျင့်ဖို့..

သံလွင်ခက်ကလေး အိပ်မက်

ဘ၀နဲ့ထပ်ပြီး မက်ဖို့.

ကျွန်တော် လူသားဘ၀ရလေတယ်..။

 

ကံဆိုးသမျှအပေါင်း…

လူကြီးလူကောင်းတွေများတဲ့ ခေတ်မှာ

မျက်ဝန်းများရဲ့ ရာဇသံ

လှောင်ရယ်သံတို့ရဲ့ ပရပိုက်..

စကားတစ်လုံးကိုသာ အသေရိုက်ထား

ကဗျာဆရာဟာ စည်းစိမ်တကာရဲ့ အနှိမ်ခံ..

ဆေးကျောင်းသားရဲ့ ခြေဖ၀ါး..

ဂုဏ်ဒြပ်တို့ရဲ့ နင်းပြား…။

 

ဒီတစ်ခါလဲ

လှည့်လိုက်တဲ့ ကျပ်ပြားစေ့မှာ

ခေါင်းကိုဘဲ တွေ့ပြန်ပြီ ကလေးရယ်…။

 

သက်ပြင်းကမ်းပြို…

အငိုသမား..

လွမ်းရုံသက်သက် ဆုလဘ်ကို

ခေါင်းပုံဖြတ်ချင်လို့တော့

မင်းကိုချစ်ခဲ့တယ် မဟုတ်ပေဘူး..။

 

ကဲ…ကလေးရေ

ရင်တွင်းခံစားချက်တစ်ချို့တစ်ဝက်

မင်းဆီ ခိုးဝှက်ပို့လိုက်တယ်..

 

ကဗျာဆရာဆိုတာ

သာသနာဖျက်မဟုတ်..မှန်း

မျက်ရည်ယိုဗုံးမဟုတ်မှန်း..

ရဲရဲယုံကြည်စမ်းပါကွဲ့..။

တကယ်လို့သာ

အလံဖြူနဲ့ လူသားကို

အရန်လူ စာရင်းက ဖယ်ရှား

ပထမနေရာ ချီးမြောက်

စင်တော်ကောက်နိုင်ရင်…

 

သံလွင်ခက်ကို ကိုက်ချီ

မင်းဆီကို ပျံသန်း

မိုးကောင်းကင်က ခြွေချတဲ့အနမ်းနဲ့

ဒီနေ့ကစ

ငါဟာ..မင်းအတွက်..ချိုးဖြူငှက်ကလေး..လို့

ငါ့ကဗျာမှာ နိဒါန်းပျိုးဝံ့ပါရဲ့…။

 

လှည့်မကြည့်ကြေး…

ဝေးကြပြီဆိုရင်……..

ဝေးကြပြီဆိုရင်…တော့

လှည့်မကြည့်ကြေး။။

 

ဂုဏ်ပြုဖို့လာတဲ့လက်မှာ

မျက်ရည်တွေ မကပ်ပါသင့်သလို

နှစ်သိမ့်ဖို့ဖက်တဲ့ ပခုံးထက်

မျက်ရည်စက်တွေ မသက်ကြေးပေါ့…။

 

ကြိုကြ မလား..

ငိုရမလား….

လိုကြမလား…

ပြိုရမလား…. မသိ..။

ငါ….ပျံတော့ ပျံသန်းခဲ့ပြီ

ပျံတော့ ပျံသန်းခဲ့ပြီ..

ပျံတော့ ပျံသန်းခဲ့ပါပြီ ကလေးရေ….။။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Nice

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment