Professional Authors

အလွမ်းသီချင်း


အညတရ လို့တောင်
အမည်တပ်ချင်စရာ မကောင်းတဲ့ အထီးကျန်ခြင်းမှာ
ငါ့ဗီဇက မွေးရာပါ။

အချို အခါးမမျှတတဲ့ ရင်ခုန်သံကို
စိတ်ချလက်ချမဖြစ်တဲ့နောက်
အချစ်ဆိုတာကလည်း
သိပ်နှစ်လိုဖွယ်မရှိတဲ့ အဓိပ္ပါယ်တွေနဲ့
ဗလာ
ဟောက်ပက်
မင်းအကြောင်း စာစီတိုင်း
ညကနက်နက်သွားတယ်။

သစ်ရွက်ကြွေတာလောက်မှ
မခမ်းနားမလှပတဲ့ ကြွေလွင့်မှုမျိုးနဲ့
ငါဟာ လွင့်ကြွေပျောက်ဆုံး
တစ်ဘ၀လုံး
မင်းကိုလွမ်းလို့မဆုံးတော့။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

ba wa ta hlauk lone dot ma lwan par ya say ne

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment