Professional Authors

မုန်းမေ့ဖို့

မင်းနဲ့ဝေးပြီးတဲ့နောက်ပေါ့…….။ ။

ကျန်းမာရေးသိပ်မကောင်းတော့ဘူး

ဟိုအရင်ကပြောနေကျမင်းစကားသံလေးတွေ

ပြန်ကြားတိုင်းရောဂါကပြန်ပြန်ထလာတယ်

အတူတူကြည်နူးခဲ့ဖူးတဲ့

အချိန်လေးတွေရောက်တိုင်း

နာကျင်စွာနဲ့ငါဖြတ်သန်းတယ်

ငါ့နဲ့အတူဘေးမှာအဖော်အဖြစ်နဲ့တော့

မင်းမကြိုက်တဲ့

ဆေးလိပ်နဲ့ကော်ဖီ

ခဏခဏမင်းပြောဖူးတဲ့

ဆေးလိပ်မသောက်နဲ့

ဆေးလိပ်ကတကယ်တော့သောက်၇င်

စတိုင်၇ှိတာကလွှဲဘာမှအကျိုးမပြုဘူးတဲံ့

မသောက်ဖြစ်ခဲ့ပါဘူး

ကော်ဖီသောက်တိုင်းလည်း

ကော်ဖီအ၇မ်းမသောက်နဲ့ရောဂါဖြစ်မယ်တဲ့

ကြည်နူးတဲ့စိတ်လေးနဲ့

ငါသိပ်ကြိုက်တဲ့ဆေးလိပ်နဲ့ကော်ဖီ

ဖြတ်ပြစ်ဖို့တ်တိတ်တိတ်လေး

ကြိုးစားခဲ့ဘူးတယ်

မင်းနဲ့တွေ့ရင်ပြောချင်၇ာပြောပြီး

မင်းနောက်ကွယ်မှာတော့

မင်းရဲ့စကားတွေနားထောင်မိဖို့အကြိမ်ကြိမ်

ငါကြိုးစားခဲ့ပါတယ်

မင်းမသိအောင်ပေါ့

အခုတော့လည်းး

မင်းထားခဲ့တဲ့နေ့ကစလို့

မင်းကိုလွမ်းတိုင်း

သတိရတိုင်း

ကော်ဖီခါးခါးတွေသောက်ဖြစ်တယ်

မင်းအကြောင်းတွေးမိတိုင်း

အခိုးငွေ့တွေနဲ့အတူ

ကောင်းကင်ထက်သို့

လွင့်မျောသွားဖို့ကြိုးစားတယ်

ငါမှားခဲ့လား ။ ။

၇င်ဘတ်တွေကတော့

အ၇မ်းအောင့်တယ်

မင်းအကြောင်းတွေးမိတိုင်းပေါ့

တနေ့နေ့တော့နေ၀င်ချိန်ဆိုတာရှိလာမှာပါ

ငါ့နေ၀င်ချိန်တွေကတော့

မင်းအတွက်စောနေလိမ့်မယ်။ ။

                                         မာန်ခက်ဝင့်

                            2010 တုန်းကကဗျာဟောင်းလေးပါ။

In: ကဗျာ Posted By: Date: Mar 7, 2012
Comment #1

really nice,,

commentinfo By: ei lay at Mar 7, 2012
Comment #2

မင်းအကြောင်းတွေးမိတိုင်း
အခိုးငွေ့တွေနဲ့အတူ
ကောင်းကင်ထက်သို့
လွင့်မျောသွားဖို့ကြိုးစားတယ်
ငါမှားခဲ့လား။

commentinfo By: kantkawmg at Mar 8, 2012
Comment #3

အ၇မ်းကြိုက်တယ်

commentinfo By: Village chat kyi at Mar 8, 2012
Comment #4

ကျေးဇူးတင်ပါတယ်ဗျာ။ 🙂

commentinfo By: Man Khat Wint at Mar 9, 2012
Comment #5

မင်းကိုလွမ်းတိုင်း

သတိရတိုင်း

ကော်ဖီခါးခါးတွေသောက်ဖြစ်တယ်

မင်းအကြောင်းတွေးမိတိုင်း

အခိုးငွေ့တွေနဲ့အတူ

ကောင်းကင်ထက်သို့

လွင့်မျောသွားဖို့ကြိုးစားတယ်

ငါမှားခဲ့လား ။ ။

commentinfo By: miss thandar at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment