Professional Authors

အညတရ…မိုး


စိတ်လိုလက်ရ
မခြယ်မသ သွန်ချလိုက်တဲ့မိုး
ထီးမပါတဲ့ ရင်ခွင်တာရိုးမှာ
ချစ်သူရဲ့ အကြည့်ခိုးလေး ရွှဲစို
အကြင်နာနှုတ်ခမ်းချိုချိုမှာ
ရုတ်တရက် ကွန်းခိုမိတယ်။

အဆင်တန်ဆာဆိုလို့
ဘာနဲ့မှမဆင်ထားတဲ့ အလှအပနဲ့
ဟော့ဒီ အညတရမိုးရဲ့ အငြိုး
ချစ်သူလေးရဲ့ မျက်ဝန်းတန်ခိုးမှာ
တိမ် အကျိုးအပျက်တွေလွင့်ပါး
လျှပ်ရောင်တွေတောင်
သူ့ရဲ့ နှုတ်ခမ်းအလင်းနဲ့ ၀င့်စားရတယ်။

အဲဒီလို
အမှတ်တရအဖြစ်နဲ့
အထပ်ထပ်သစ်နေမယ့် အရိပ်
………………..အလွမ်းဆိုတ
ဘယ်လိုနှုတ်ခမ်းနဲ့ ချွေးသိပ်သိပ်
ဘယ်တော့မှသွေးမတိတ်တဲ့ ဒဏ်ရာပဲ။

ကြာပါပြီ
မိုးတစ်စက်ဆိုပေမယ့်
အနာဂတ်အားလုံး ကျိုးပျက်ကြေမွ
(သူ့ကိုသတိရတိုင်း…)
ဖက်ခေါင်းအုံးလေးကိုသာ တိုးဖက်နေရတယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Mike de kwar.
Thu myar tway ka phat sa yar Shi Tay de.
hint..
ma nar lo bu.
🙁

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment