Professional Authors

Hawaii မှတ်စု

Hawaiiကမ်းခြေနားက မှတ်တိုင်တစ်ခုက
မှတ်သားဖွယ်ကောင်းလေး တစ်ချက်ကို ကောက်မှတ်လိုက်မိတယ်
ငါတို့အတွက် တိုက်ဆိုင်လို့လားမသိ ခုလုတ်တိုက်မိတဲ့ မှတ်ချက်ကို
ကမ္ဘာကျော်မှတ်ကျောက်တင်လို့ ရေးသားမိလိုက်တယ်..

“Most leaders understand that politics
is not always measure or on level”

“ခေါင်းဆောင်တိုင်းသည် နိုင်ငံရေးကို
အမြဲတမ်း တိုင်းတာလို့မရသလို
အဆင့်တန်းတစ်ခုအနေနဲ့ ခွဲခြားထားလို့
မရဘူးဆိုတာ နားလည်ရမည်တဲ့…။”

အိုဘားမားရဲ့ ကောက်ချက်တစ်ခုကို
Honolulu Hawaiiကမ်းခြေမှာ
ဒီကနေ့ထင်ကျန်လို့ မှတ်သားရင်း
သူတို့ထံပါး လက်ဆောင်ပါးလိုက်ချင်တယ်…။

နောက်တစ်ချက် ကောက်ရမိတဲ့
ကောက်ချက်တိုတစ်ချက်ကို တစ်ရူးစထုတ်သလို
ဆွဲထုတ်လိုက်ရင်း မှတ်စုလေးထဲမှာ
ရေးခြစ်ကိုးကားလို့ အသိပေးလိုက်ချင်တယ်..။

“We ready to go out and compete with
anybody because of freedom”

“ငါတို့ လွတ်လပ်စွာ ဘယ်သူမဆို ယှဉ်ပြိုင်ရင်ဆိုင်ဖို့
အဆင်သင့်ပဲတဲ့..”

အိုဘားမားရဲ့ လွတ်လပ်စွာ ဖွင့်ဟချက်တွေ
Hawaiiမှာ ဒီကနေ့ ထင်ကျန်လို့
သမိုင်းကောင်းတစ်ခု စီးဆင်းလာခဲ့တာ
ငါတို့လည်းအတုယုစရာ သူတို့လည်းအသိဝင်သင့်တာပေါ့..။

ဒါပေမဲ့
တိုက်ဆိုင်မှုတွေ ဖြစ်လာခဲ့လို့
တစ်နှစ်ပြည့် အထိမ်းမှတ်တစ်ခု
အရိပ်ထိုးလာရင်း နိုဘယ်(လ်)ရှင်က
အမှန်တရားတွေ ဖွင့်ဟမိန့်ဆိုလို့
Press Conferenceမှာ မှာတမ်းပါးကာ
မေတ္တာဓာတ်တွေ ဝေမျှခဲ့တာ သူတို့သိစေချင်တယ်လေ..။

ဒီလိုနေ့ရက်မှာ တိုက်ဆိုင်မှုတွေ
Hawaiiနဲ့အမိမြေ ပါတီလေး
စင်တင်ပေးရင်း ကမ္ဘာကျော် နိုဘယ်(လ်)ရှင်နှစ်ဦးရဲ့
တနေ့တာမှာတမ်းလေး မှတ်တမ်းတင်လို့
ဘဝမှတ်စုအဖြစ် သိမ်းထားခဲ့တယ်လေ..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

“ခေါင်းဆောင်တိုင်းသည် နိုင်ငံရေးကို
အမြဲတမ်း တိုင်းတာလို့မရသလို
အဆင့်တန်းတစ်ခုအနေနဲ့ ခွဲခြားထားလို့
မရဘူးဆိုတာ နားလည်ရမည်တဲ့…။”

Comment #2

ကျေးဇူးတင်ပါတယ်…ခင်ဗျား

Leave Comments

Name*

Email*
Website
Email me whenever there is new comment