Professional Authors

အလွမ်းရင့်

……. … ……….

မျှော်လင့်ခြင်း ဆိုတာ

အချိန်နဲ့ တိုင်းလို့မရတဲ့ ခမ်းနားမှူပဲ

ဒီ ယောမင်းကြီးလမ်းပေါ်

မင်းအငွေ့ အသက်တွေ အခိုးမပျယ်ခင်

ငါ့ အလွမ်းတွေရော

ဘယ်လောက်ခမ်းနားခဲ့သလဲ

မထူးဆန်းဘူး ဒီရာသီရောက်ရင်

ဘေးနားကသစ်ရွက်ခြောက်တွေ

အဲဒီလို ဆွံ့ အနေကျ

ဇက်ကျိုးသွားတဲ့ ငါ့ငယ်ရွယ်မှု ကရော

မင်းရှိနေမဲ့ နေရာသိဖို့ တခုခုများ………….

ဝမ်းနည်းပါတယ် ကောင်းကင်

မင်းမှောင်ရီသန်းပုံမျိုးနဲ့

ငါအိမ်ပြန်ချိန်တွေကို

တမ်းတနေလိမ့်မှာ မဟုတ်ဘူး

အဆိုးဆုံးက

မင်းချစ်ခြင်းတွေနဲ့ အသက်ဆက်နေပြီး

ငါ ချစ်တာ မင်းမသိသွားခဲ့ဘူး

ဘာအတွက်လဲ ရွေးခဲ့တဲ့လမ်းတွေက

အောင်မြင်မှုလား နောင်တလား

အခုတော့ မြေသင်းနံ့ နဲ့ မိုးမှုန်တွေကလွဲပြီး

လောကကြီးလဲ

ခြောက်ကပ်ကပ်နဲ့

မင်းပျောက်ဆုံးကတည်းက

ငါ လည်း ငါ့ မျက်ရည်နဲ့ ငါ ငြိမ်ငြိမ်လေး

………………………………….

…အဲဒီရာသီထဲမှာ ….

………………

မျှော်လင့်ခြင်းနဲ့ ပေးဆပ်လို့မရတဲ့

အချိန်တွေ……….ရှိတယ်……

In: ကဗျာ Posted By: Date: Dec 8, 2012
Comment #1

*__*
*__*
*__*

commentinfo By: ei lay at Dec 8, 2012
Comment #2

မင်းပျောက်ဆုံးကတည်းက

ငါ လည်း ငါ့ မျက်ရည်နဲ့ ငါ ငြိမ်ငြိမ်လေး

………………………………….

…အဲဒီရာသီထဲမှာ ….

………………

မျှော်လင့်ခြင်းနဲ့ ပေးဆပ်လို့မရတဲ့

အချိန်တွေ……….ရှိတယ်……

commentinfo By: မေပျို at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment