Professional Authors

အနာစိမ်း

အမြင်ကတ်လိုက်တာ…

အလွမ်းနဲ့ စက်စက်ယို ရင်ဘတ်ပေါ်ကိုမှ

ကျင် ခတ် အေး စက် နေအောင် ပျော်ဆင်း

အဲ့ဒီ နှင်းဖွဲတွေပေါ့။

 

ငါ့မှာ

အလင်းထဲမှာဆိုပေမယ့်

ရယ်သံတွေ ဆင်းရဲ မည်း မှောင်

ကောင်မလေးရေ…

နင်က ပျော်တစ်ဝက် ငိုတစ်ဝက် ချည်တတ်တဲ့ နှောင်ပါ။

 

နေ့တိုင်း…

သတိရစိတ်နဲ့ ပြာဝေ မှုန်မှိုင်း

မြောက်ပြန်လေရဲ့ ကဆုန်အစိုင်းမှာ

မျက်ရည်မုန်တိုင်းတို့ ဖြာဆင်း

ငါ့မှာ…

အထီးကျန်ခြင်းတွေနဲ့ အနာရင်း

ငါ့မနက်ဖြန်တွေ…လာခြင်းမှကောင်းပါလေစ။

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

လာခြင်းကောင်းတဲ့ မနက်ဖြန်တွေပိုင်ဆိုင်နိုင်ပါစေရှင့်

commentinfo By: မေပျို at Dec 25, 2012
Comment #2

အနာစိမ်းဝေဒနာရှင်ကြီး အနာပါရင်းနေတော့ အတော်ခံရခက်မှာပဲ။အနာတွေမြန်မြန်ကျက်ပါစေ။

commentinfo By: lighthunter at Dec 25, 2012
Comment #3

A Myin Kat par ne naw.
😛

commentinfo By: ei lay at Dec 26, 2012
Comment #4

ဟုတ်…ကတ်ပါဘူးဗျာ

commentinfo By: Mg Khai Myat at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment