Professional Authors

အပိုင်းအစတို့ နဲ့ စီချယ်

နောက်ထပ်ရှိဦးမလား….

လူမမြင်တဲ့အိမ်မက်တွေ…

ငါ့စိတ်ကူးယဉ်လမ်းတွေပေါ်ပြန့် ကျဲ….

မသည်းတဲ့မိုးမို့ …ခံစားချက်တွေမဆုံးပြန်တော့….

တဖွဲဖွဲနဲ့ …အလွမ်းတို့ အားယူပြန်တယ်…

 

သေလောက်တယ်….အဲ့လောက်လည်းမရူးသွပ်ပါဘူး….

ချစ်ခဲ့တယ်….စစ်မှန်တယ်လို့ ယုံကြည်တယ်…..

လွမ်းမိတယ်… ဒါကအစိတ်အပိုင်းတစ်ခုပဲလေ…

မထူးဆန်းပါဘူး…

 

လွမ်းမိသူက…တိတ်ဆိတ်သောညရဲ့ အထီးကျန်မှုကိုခံစားတယ်……..

ဆန့် ကျင်ဘက်မှာနေတဲ့သူကိုမှ….

ငါလိုနေတဲ့ အခြားတစ်ဖက်အဖြစ်ထားချင်တယ်….

ပြောချင်တာက…မင်းကငါ့အတွက်အရေးကြီးပါတယ်….

လူတိုင်းမသိနိုင်သလို….

လူတိုင်းကိုလည်းမသိစေခဲ့ဘူးပဲ…

နှလုံးသားမြေပြင် ခြောက်ကပ်လည်း…

မျက်ရည်မိုးကတော့ ညိုနေတယ်….ဒါပေမယ့်

သူမမျက်ဝန်းရယ်…ပျော်ရွှင်နေတော့…

မိုးမပြိုရက်ပါဘူး…

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

Tay lout aung chit de.
E Dar ko kou ko tine le ti de.
a kone lone le ti de.
ma ti chin yaung saung nay de Thu ka dot 1 yout de.

commentinfo By: ei lay at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment