Professional Authors

စိတ္တဇတနင်္လာအတွေးများ

ကျွန်တော် ခင်ဗျားလည်းမပြော စကားအလင်္ကာတွေလည်းမချောနိုင်တော့
ပြေပြေလည်လည်ပေါ့ဗျာ ရေရေရာရာမတွေးနိုင်ပေမယ့် သေသေချာချာပြေးနိုင်မယ်ဆိုရင်
ရပ်နေတဲ့သူထက်တော့ခင်ဗျားရှေ့ရောက်နိုင်ပါသေးတယ် ဒါပေမယ့်ခေတ်ဆိုတာကလည်း
မှီနိုင်ခဲပဲလေ ရယ်ချင်မှလည်းရယ်နိုင်မှာပေါ့ တခါတလေ လည်တောင်လည်သွားနိုင်ရဲ့
ကာလယန္တရားမှာ Next တို့ Back တို့မပါတာဆိုးလှတယ်ဗျာ ကျော်ခြင်းလည်းမရ ပြန်ချင်လည်းမရ
ခွတီးခွကျနဲ့ပေါ့ နည်းနည်းတော့ရွှေ့လို့ရသင့်တာပေါ့ဗျာ လူဆိုတာကမှားတတ်တဲ့အမျိုးကိုနော့်
တူတူတန်တန်မဟုတ်တောင်မှဆူညံဆူညံမလုပ်ကြပါနဲ့ဗျာ ဒီမှာလူဂုဏ်တန်တွေရဲ့ချွေးသိပ်နားခိုရာမို့ပါ
စီစီရီရီဖြစ်အောင်လို့တတီတီလုပ်မနေကြပါနဲ့ ခေတ်မှီတဲ့နိုင်ငံတိုင်းလမ်းတွေပိတ်ကြတယ်တဲ့
ဒီနေ့တနင်္လာနေ့ဆိုတာခင်ဗျားမေ့နေတယ်ထင်တယ် ကိစ္စမရှိပါဘူးလေသိက္ခာမရှိသူတို့အတွက်
 ပြိတ္တာဖြစ်ရတယ်ဆိုတာ လိပ်စာပျောက်နေတဲ့အတွေးတွေလိုပဲ နီးနီလေးနဲ့ဝေးတတ်ပါတယ်
ရီဝေေ၀အတွေးတွေထဲ လူစည်ရင်ကွေးနေအောင်ကချင်တဲ့ခင်ဗျား မထင်ပေါ်ပေမယ့်လည်း
စင်တော်ကကောက်တတ်ပါတယ် ဒီတနင်္လာတော့မကနဲ့ဗျာ ။                   ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 24, 2012
Comment #1

Phat shu arr pay twar par de.

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment