ဆုတ်ကပ်
သဇင် သစ်ခွ
ဒေါက်ဖိနပ်တွေနှင့်
touch screen တွေ 
အသံစုံမြည်စွဲတယ် … ။
အခမ်းအနား 
အစီအစဉ် တစ်ခုကြေညာတိုင်း
တစ်ခါလက်ခုပ်တီးရတဲ့
ခပ်ရိုးရိုး လူတစ်ယောက်ပါလေ …. ။
ပီတိကို စား
အားရှိပါ .. တဲ့
လောက..က. မှာလိုက်တဲ့ စကား
ဘေးကျပ်နံကျပ် 
ဆုတ်ကပ်ဆိုက်တဲ့ ညတွေက
မျက်ရည်ကို အန်ထုတ်
အံတင်းတင်းကြိတ်ရတယ် … အမေ ..။
ရင်ဘတ်မှာ တွယ်ငြိစရာမရှိ
အလုပ်သမားတစ်ယောက်လို
သဘောထား အနှိမ်ခံရတဲ့
private မဖြစ်လိုစိတ်နှင့်
လောကဓံ ဘက်ပြိုင်တဲ့အခါ
အမေ အမွေပေးခဲ့တဲ့
မောင်းကွင်းလေး က
လမ်းထိပ် အပေါင်ဆိုင်ကို 
အပျော်ခရီးထွက်သွားရှာတာ
သမီး … တောင်းပန်လိုက်ပါတယ်
အမေရယ် … ။
Comment #3
ကောင်းတယ်ဗျာ။ ဆုတ်ကပ်ဆိုတော့ကောင်ညှင်းဆိမပါဘဲစားလို့ပေါ့။ စတာနော်..ခင်လို့။
 By: kyawnainglin174 at Dec 22, 2012
                        By: kyawnainglin174 at Dec 22, 2012
                    Comment #4
ကောင်းတယ်။ခံစားအားပေးသွားပါတယ်။
 By: miss tower at Dec 22, 2012
                        By: miss tower at Dec 22, 2012
                    Comment #5
နှစ်သက်စွာအားပေးသွားပါသည်
 By: အသဲကွဲ မိုး at Dec 22, 2012
                        By: အသဲကွဲ မိုး at Dec 22, 2012
                    Comment #6
ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်
ဟီးးး … သူများတွေပြောသလိုပြောကြည့်တာပါနော် ..
ဖတ်ပေးတဲ့ အစ်ကိုအစ်မ .. မောင်လေး ညီမလေးတွေအားလုံးကို ကျေးဇူးတင်လျက်ပါရှင့်
 By: မေပျို at Dec 22, 2012
                        By: မေပျို at Dec 22, 2012
                    Comment #7
ကျန်သေးတယ်လေ…ရိုက်ကူးပေးတဲ့ မြ၀တီရုပ်သံကိုလဲကျေးဇူးတင်ပါတယ်…
 By: kyawnainglin174 at Dec 22, 2012
                        By: kyawnainglin174 at Dec 22, 2012
                    Comment #8
ဟုတ်ကဲ့ မြ၀တီလွှတ်တော်အမတ် ကိုကျော်နိုင်လင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း ..
 By: မေပျို at Dec 22, 2012
                        By: မေပျို at Dec 22, 2012
                    Comment #9
နေရင်းထိုင်ရင်းရာထူးတက်သွားတယ်လေ..ဟဲ..ဟဲ။
 By: kyawnainglin174 at Dec 23, 2012
                        By: kyawnainglin174 at Dec 23, 2012
                    Comment #10
ခိခိ … တန်လို့ရတာပါနော် ..
 By: မေပျို at Dec 23, 2012
                        By: မေပျို at Dec 23, 2012
                    Comment #12
ကဗျာလေး ကြိုက်တယ် ပင်တိုင်မင်းသမီး
 By: နိုးဆက်နေ့ at Jan 25, 2013
                        By: နိုးဆက်နေ့ at Jan 25, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ရင်တွင်းဖြစ်များ~~~~ 😛