Professional Authors

ငါ၏အရှင်

သန္ဓေသားရွယ် ကလေးငယ်ကို
သယ်ကာပိုက်ထွေး ကြင်နာနွေးတို့
ပေးသည့်သူသည် ဤအမေတည်း။

စကားမတတ် မြဲငိုစက်လည်း
ညဥ့်နက်မရှောင် မရှိနောင်မှ
ဆောင်ခဲ့လိုအင် ဤအမေတည်း။

အရွယ်ရောက်လျှင် အပျံသင်ပြီး
ဒီရင်ကိုဖယ် စွန့်သွားမယ်မှန်း
သိရယ်ရှိငြား သိသော်ငြားလည်း
အားလုံးကိုပေး ငတ်ခံကျွေးကာ
နွေးထွေးနာကြင် မြတ်နိုးခင်ချစ်
အကြင်အမေ ငါ၏အရှင်။

In: ကဗျာ Posted By: Date: May 30, 2009
Comment #1

အောက်ဆုံးမှာ ငါ၏အရှင်ဆိုတဲ့ အကြောင်းကို ပြန်မထည့်ရင် ပို ပြီး ပြီးပြည့်စုံသွားမလားလို့

commentinfo By: Han Thwin at Jun 18, 2010
Comment #2

Arr pay twar par de.

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment