Professional Authors

“မ”

ဆောင်းမှာသံစဉ်ကိုဖွင့်လို့ 
အကြောင်းမှာ “မ”ကိုချစ်လို့ 
စိတ်ပင်ပန်းတယ် “မ”ပြောတဲ့စကားတွေရယ်
ရှေ့ ကိုကြိုလွမ်းဖြစ်လာမဲ့ဇာတ်လမ်း
ရုပ်ရှင်ရိုက်နေတာဆိုးလည်း ဒါရိုက်တာက“မ”ပါ…။

ငယ်သောသူကိုစိတ်မ၀င်စားလို့ 
ကြီးသောသူကရှေ့ ဆောင်လမ်းပြလား…။

“မ”ကြောင့်ရခဲ့တဲ့အသိတရားတွေ
ကျွန်တော်ဘယ်ဆီမှာသိမ်းထားရမလဲ…။

အချစ်မှာ မတရားတာ
မမျှတတာ မရှိဘူးဆိုတာ
နားလည်ပါရဲ့ …။

ချစ်မိသူတိုင်းဟာ
“မိမိ” သာ “သင့်” ကိုအချစ်ဆုံးလူတစ်ယောက်ဟု
နှလုံးသွင်းလေ့ရှိတယ်…
အတ္တကြီးလေ့ရှိတယ်…
ကျွန်တော်ရောဘာထူးလို့ လဲ
တစ်ကမ္ဘာလုံးကလူတွေထက် “မ”ကိုပိုချစ်တယ်…။

In: ကဗျာ Posted By: Date: Dec 19, 2012
Comment #1

ကဗျာကောင်းလေးဘဲဗျ
ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 19, 2012
Comment #2

ကျေးဇူးတင်ပါတယ် အစ်ကို

commentinfo By: loafer at Dec 19, 2012
Comment #3

အချစ်မှာ မတရားတာ
မမျှတတာ မရှိဘူးဆိုတာ
နားလည်ပါရဲ့ …။

တရားပေမယ့်လည်း မပိုင်ဆိုင်နိုင်လို့ စွန့်လွှတ်လိုက်ရတာမျိုးလည်းရှိတယ် မောင်လေး
မ သိပါစေ

commentinfo By: မေပျို at Dec 19, 2012
Comment #4

Daw daw sa karr dat de loafer.
😛

commentinfo By: ei lay at Dec 20, 2012
Comment #5

ae lout lal hote par woo byar Ma Ei Lay ka lal 😛
myout pyaw nay pyan p m nay tat tot woo 😛
thz par naw akhu loe r pay kya tae a twet

commentinfo By:ူloafer at Dec 20, 2012
Comment #6

Aww..
E lout ma chit phu lar?
:'(
Ei ka loafer ko e lout taung chit dat Dar so p a yann laee sarr nay Dar.
Sate ma Kaung like Dar shin.
:'(

commentinfo By: ei lay at Dec 20, 2012
Comment #7

ကောင်းတယ်ဟေ့။
မ တဲ့..ဟွန်း..ရွယ်တူကိုများ..
ဟိုတစ်နေ့က ရေထဲခုန်ချတာလေ
ခြေထောက်ကရေထဲစကျတော့ပလုံတဲ့
ခါးနားလဲရောက်ရော..ဗွမ်းကနဲ။
စတာနော်။

commentinfo By: kyawnainglin174 at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment