Professional Authors

စိုစွတ်တဲ့…ညတစ်ခြမ်း..

နရီမဲ့….စုတ်ချက်ကြမ်းကြမ်းတစ်ချက်
ငါ့နံရံမှာ ဖြတ်ပြေးသွားတယ်..နှင်းဆီ
လျှပ်စီးက လက်..မိုးက ရွာ
ငါ့ဗလာစာအုပ်မှာ မိုးမခြိမ်းတာကြာပြီ..
လက်ဖဝါးမှာ ဓါးတစ်လက်…
အနောက်နံရံမှာ ဆာမူရိုင်းတစ်ယောက်
မတ်တပ်စောင့်တယ်
လွန်ပါစေ ညတစ်ဝက်
ကျန်တဲ့ တစ်ခြမ်းနဲ့  ငါမိုးသောက်မယ်..
ငါ့ကြမ်းခင်းတော့ စိုစွတ်စေ………….

In: ကဗျာ Posted By: Date: Dec 17, 2012
Comment #1

လွန်ပါစေ ညတစ်ဝက်
ကျန်တဲ့ တစ်ခြမ်းနဲ့  ငါမိုးသောက်မယ်..
ငါ့ကြမ်းခင်းတော့ စိုစွတ်စေ………….

commentinfo By: မေပျို at Dec 18, 2012
Comment #2

တမျိုးကြီးနေမှာပဲနော် ကိုဖြိုး…….

commentinfo By: ကဗျာချစ်တဲ့ကြယ် at Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment