Professional Authors

ဆေးလိပ်တိုလေးများ (၁)

ရက်စက်မှုချည်းကျန်ခဲ့တောင်
ငါ့အချစ်တွေမလဲပါဘူး…
ညတစ်ထောင်ကိုအုပ်စိုးလို့ 
ငါ့အလွမ်းတွေမင်းမူနေလိမ့်မယ်
အထီးကျန်ခြင်းကိုရင်ခွင်ပိုက်လို့ 
(ဒီလမ်းတွေ) ဆုံးဆုံးမှောင်နေတောင်
မင်းအပြုံးတွေနမ်းခြွေခွင့်ပြုပါ
သည်ငမိုက်သား…
အသိတွေခါးလို့ နောင်ဘဝတွေအထိ
အချစ်ကြွေးဆပ်ချင်လို့ပါ…

တိမ်းမူးခဲ့တဲ့
စိမ်းလဲ့လဲ့ အကြည့်တွေမှာ
ငါ့အသက်ဇီဝိန်ကို ယဇ်ပူဇော်ပါတယ်…
အရောင်ကန်းတဲ့
သည်နားတွေ အတွက်
သက်တန့်ဖြာလင်းလက်စေမယ့်
“ချစ်အဖြေ” တစ်ခွန်းလောက်သာ…
စွန့်ကြဲပေးကမ်းလှည့်ပါ
သံသရာအဆုံးထိ
ဤအချစ်၏ ကျေးကျွန်ဖြစ်ပါစေသား…

In: ကဗျာ Posted By: Date: Nov 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment