Professional Authors

အမှတ်တရ

ပေးဖူးသမျှထဲမှာ ဒီတစ်ခါတော့ အများဆုံးနဲ့ နောက်ဆုံးပေးခြင်းပါ ။
ငါ့မှာ လက်ကျန်တောင် မရှိလောက်အောင် ပေးပစ်ခဲ့တာ ။။

ဖတ်ဖူးသမျှထဲမှာ ဒီစာလောက် သွေးညှီနံ့ တွေ နံတဲ့စာ မရှိဘူး။
ငါ့အမြင်မှာ အစိမ်းရောင်သွေးတွေ တလတ်လတ် နဲ့။

ဖယ်ခွာတယ်.. စွန့်ပစ်တယ်။။
ကြားဖူးပြီးသား စာသားတစ်ချို့ …

ထားခဲ့တယ်.. နေခဲ့ရတယ်။။
အလွတ် ရနေပါပြီ…

မေ့ပစ်လိုက်ပါ… မုန်းလိုက်တာပဲ ကောင်းမှာပါ။။
ကိုယ့် ကိုယ် ကို ရေ နှစ် လိုက်တယ် ….

ဘ၀ ကို ရောင် ပြန် ဟပ် လာတဲ့ တိမ်အမည်းတွေ နဲ့
ပြောင်းသွားတဲ့ ညနေခင်းတစ်ခု ကို မှတ်မိနေတုန်း ။။။

ဆွဲအား တွေ လျော့သွားသလိုပါပဲ လား။။။

တိမ်တွေ ပို မည်းလာလိုက်။
ရေကြည်တွေ နောက် နောက် လာ ။
ခဏ ခဏ ဖြတ်တိုက်တဲ့လေ တွေ လည်း ခြောက်ကပ် ကပ် နဲ့။။
ငါ့ ကောင်းကင်မှာ ဒီည ကြယ် ဖြူတစ်လုံး ကြွေတယ်။

အဲဒီ ကြယ်ပေါ့… ကြွေဖူးသမျှ ထဲမှာ အကြီးဆုံး နဲ့ အလှဆုံး ပဲ။။

tapotawe ( 24. 3. 11 )

In: ကဗျာ Posted By: Date: Mar 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment