Professional Authors

Chat ဖူးစာဖြစ်ခဲ့ရင်များ

စတွေ့တာကတော့ chat ထဲမှပဲ
တစစ ရင်းနှီးလာတာကတော့ နှလုံးသားထဲ …
ရင်းနှီးစေခဲ့တာကတော့
Cable ကြိုးလေးပါပဲ
တကယ်တမ်းချည်နှောင်သွားခဲ့တာကတော့
သံရောဇဉ်ကြိုးလေးနဲ့ပါပဲ
မျှော်နေတာကတော့ Gtalk ထဲမှာပဲ
Phone msg လေးတွေ အတွက်လဲ
ပျော်တတ်စမြဲပါပဲ
မင်း nick ကလေးစိမ်းလာတဲ့အခါ
ငါ့စိတ်ကလေးတွေ
တကယ် လန်းဆန်းသွားခဲ့တာပါ
မင်း Nick ကလေး off နေတဲ့အခါ
ဘယ်သူနဲ့မှ မ chat ဖြစ်တော့တာ
နင့်ယုံချင်မှ ယုံမှာပါ
ငါ့ Gtalk ကလေး Idle ဖြစ်နေရင်
မင်းအကြောင်းတွေး ကဗျာတွေ ရေးနေတာ
ငါနင့်ကို တကယ်ချစ်ကြောင်းတွေပါ
Connection လေးအနားယူခဲ့လည်း
ငါ့စိတ်ကလေး မင်းဆီမှာပဲ
မနက်ဖြန်အတွက် ဆက်လက်ရင်ခုန်ဆဲ
မင်းနဲ့ Chat ဖို့အတွက်ပါကွယ် …

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jun 6, 2010
Comment #1

သူေ၇ာသိပါ့မလား ? လွမ်းလှိုင်း စိတ်တွေ သူဆီေ၇ာက်နေတယ်ဆိုတာ သိနိုင်ပါစေဗျာ….ဆုတောင်းပေးပါတယ်

commentinfo By: genius.jinx28 at Dec 16, 2010
Comment #2

ဟုတ် ကျေးဇူးတင်ပါတယ် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ

commentinfo By: lwanhlainge at Dec 25, 2010
Comment #3

wow,,,,
a lan pe kwar.
ha,,ha,,
mike de.

commentinfo By: ei lay at Jul 24, 2011
Comment #4

မိုက်တယ်ကွာ

commentinfo By: maypyo22889 at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment