Professional Authors

အချစ်ဦး

နင်တကယ်မသိတာလား
မသိချင်ယောင်ဆောင်နေတာလားတော့
နင်ကိုယ်တိုင်မှပဲသိမှာပါ……
သင်္ကြန်ဆိုသိပ်ပျော်ဖို့ကောင်းတဲ့
မန်းရွှေမြို့တော်ကိုကျောခိုင်းပြီး
ဇာတိမြို့သေးသေးလေးကို
ပြန်လာခဲ့တာက
နင်လောင်းမယ့်ရေတခွက်ကိုမျှော်မိလို့ဆိုတာ
နင်……မသိဘူးလား
ငယ်ငယ်ကတည်းက စွာခဲ့လို့များ
ငါ့ကိုလန့်နေရသတဲ့လား
ရေတခွက်နဲ့အိမ်ရှေ့မှာ
ဲ့မယောင်မလည်လုပ်ရုံလောက်ပဲ
နင်သတ္တိရှိတာလားဟာ…..
ငါ
မှားပါတယ်ဟာ
ဒါပေမယ့်နင်သိသင့်ပါတယ်…
နင့်အတွက်ဆိုရင်…
ငါ့အပြုအမူတွေက
နူးညံ့မှုတွေနဲ့
သီးသန့်ဖြစ်တည်နေတယ်ဆိုတာလေ……….။                 ။
P.S-မကွေးဆေးတက္ကသိုလ် မှ သူငယ်ချင်းလေးအတွက်……။       ။

In: ကဗျာ Posted By: Date: May 2, 2011
Comment #1

အရမ်းကိုကောင်းပါတယ်
သူငယ်ချစ်အတွက်ဆိုတော့မင်းခံစားချက်ကောမပါဘူးလား?

commentinfo By: အရိပ်ကလေး at May 2, 2011
Comment #2

ဒါပေမယ့်နင်သိသင့်ပါတယ်…
နင့်အတွက်ဆိုရင်…
ငါ့အပြုအမူတွေက
နူးညံ့မှုတွေနဲ့
သီးသန့်ဖြစ်တည်နေတယ်ဆိုတာလေ……….။ ။
ခံစားအားပေးသွားပါတယ်..။

commentinfo By: ရွှေငါး at May 2, 2011
Comment #3

ငါ
မှားပါတယ်ဟာ
ဒါပေမယ့်နင်သိသင့်ပါတယ်…
နင့်အတွက်ဆိုရင်…
ငါ့အပြုအမူတွေက
နူးညံ့မှုတွေနဲ့
သီးသန့်ဖြစ်တည်နေတယ်ဆိုတာလေ……….။ အားပေးသွားပါတယ်…. စုနိုင်ရေ

commentinfo By: ကေသရီ at May 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment