Professional Authors

သူငယ်ချင်း

ကျမ မျက်ရည်အတွက်
သူ့လက်တစ်စုံ
နာကျင်နေအောင်
မျက်ရည်တွေ သုတ်ပေးဖူးတယ်

ကျမ ဝေဒနာအတွက်
သူ့ရင်ခွင်တစ်စုံမှာ
မှေးစက်စရာ တနေရာ ပေးခဲ့ဖူးတယ်

ကျမ မောလျမှုတွေအတွက်
သူ့ပခုံးတဖက်
မှီခိုရာ ပေးထားခဲ့ဖူးတယ်

ကျမ ရင်ထဲက ဝေဒနာ စာသားတွေ
နှစ်သိမ့်စရာ စကားတွေနဲ့
ချေဖျက်ပေးခဲ့ ဖူးတယ်

မမေ့ပါဘူး
မကြည်နူးချိန်တွေမှာ
ထူးခြားစွာ ဦးစာပေးခဲ့သူ
ဖေးကူလို့ ချွေးသိပ်စေခဲ့သေးတယ် ………. ။
ကြည်နူးချိန်တွေမှာ
တူတူ မြူးလို့ နေတတ်ခဲ့တယ် …..။

ဘယ်လိုပဲ ဝေးဝေး
အားပေးမှုတွေနဲ့ ငါ့ကိုဖေးကူခဲ့သူ
သူငယ်ချင်း …
ငါနင့်ကို ဘယ်တော့မှ မမေ့ဘူး ။

လွမ်းလှိုင်း

5 . 8 . 09
wed
11:57 pm

In: ကဗျာ Posted By: Date: Jun 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment