Professional Authors

မနက်ဖြန်တွေရယ်….

တစ်ယောက်ထဲနေ့ …..
မျက်လုံးစုံဖွင့်…ခြေလှမ်းစနင်းတော့…
အဆုံးသေးတဲ့နေ့ တွေစတင်ပြီ…
ပတ်ဝန်းကျင်ကအေးမြခြင်းတွေ…ရင်ထဲထိစီးဝင်မလာခဲ့ပါ….
တစ်ယောက်ထဲငူငူငိုင်ငိုင်နဲ့ …မပြီးဆုံးတဲ့အတွေးတွေ ရင်ထဲဝင်မလာချင်တော့တာ…
ဒါဟာနောက်ဆုံးမဟုတ်ဘူး…ငါသိနေလဲ…
ငါ့နှလုံးသား လမ်းဆုံးသွားပြီပဲ…
ကြိုးပမ်းမှုတွေအရာမထင်တဲ့နောက်…
မျှော်လင့်ချက်ဆိုတာ ထားသင့်သလား…
ဖြစ်သင့်တာနဲ့ ဆန္ဒကြားမှာလွန်ဆွဲ…
တွေဝေခြင်းအတွက်င့ါဦးနှောက်အလုပ်မလုပ်ချင်တော့ပါ….
မင်းနဲ့ ဆုံ…မဆုံရဲ တဲ့မျက်ဝန်းတွေနဲ့ ..ငါ့မျက်ရည်တွေရယ်….
အချိန်က ကုစားတယ်ဆိုတာလဲအလကားပါ…
အတွေးတွေဖြတ်…ငါဆုတောင်းတယ်…
အဓိပါယ်ရှိစွာ..ရှင်သန်နေချင်သေးတယ်…
ရောက်လာဦးမယ့်….မနက်ဖြန်တွေရယ်…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

သီချင်းရေးထားတာလားဟင်
အားပေးသွားပါတယ်ခင်ဗျ

commentinfo By: sharon myorr myor at Nov 1, 2011
Comment #2

ဖစ်သင့်တာနဲ့ ဆန္ဒကြားမှာလွန်ဆွဲ…
တွေဝေခြင်းအတွက်င့ါဦးနှောက်အလုပ်မလုပ်ချင်တော့ပါ….

commentinfo By: May Kha at Nov 1, 2011
Comment #3

သီချင်းမဟုတ်ဘူးခင်ဗျ….
🙂
အားပေးကြတာကိုကျေးဇူးတင်ပါတယ်…

commentinfo By: nay min kha at Nov 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment