Professional Authors

ငါ့တမ်းတခြင်းတွေကိုနင်ပိုင်တယ်..ချစ်သူ

လေပြေတွေ မလတ်ဆတ်တော့ဘူး ကောင်မလေး
အတူတူမရှိတဲ့အချိန်..နင်မျှော်နေမှာပေါ့
အဲ့အချိန်..ဆက်သွယ်ရေးဧရိယာ ပြင်ပမှာ ငါရှိခဲ့ဖူးတယ်

ကော်ဖီခွက်လေး အေးစက်နေပြီကောင်မလေးရေ
အချိန်မရခဲ့လို့ လေ
တစ်ခါတစ်ခါ ဘဝက မျက်လှည့်ပြတတ်တယ်

ငါမအိပ်စက်တော့ဘူး ကောင်မလေး
အစစအရာရာအဆင်ပြေဖို့  ငါ့အချိန်တွေ
အလုပ်ဆိုတဲ့အရာကြီးက ပိုင်တာကို ခေါင်းထဲမှာတွေးထားတုန်းပဲ
ငါ… အညတရတစ်ယောက်ပါ..

ငါအားတင်းထားတယ် ငါ့ချစ်တဲ့ကောင်မလေးရေ
ရေတွက်လို့ ရတဲ့နှစ်တွေအနည်းငယ်ပြီးရင်…
နင်လိုချင်တဲ့ ငါ့လွတ်လပ်ခြင်းတွေ အသင့်ဖြစ်နေလိမ့်မယ်
စိတ်တော့ရှည်ပါချစ်သူ…
ငါ…..နင့်ကိုသိပ်ချစ်လို့ ပါကောင်မလေးရေ
ပြီးတော့ ငါ့တမ်းတခြင်းတွေကိုနင်ပိုင်တယ်လေ။

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

*__*
*__*
*__*

commentinfo By: ei lay at Dec 11, 2012
Comment #2

လေပြေတွေ မလတ်ဆတ်တော့ဘူး ကောင်မလေး
အတူတူမရှိတဲ့အချိန်..နင်မျှော်နေမှာပေါ့
အဲ့အချိန်..ဆက်သွယ်ရေးဧရိယာ ပြင်ပမှာ ငါရှိခဲ့ဖူးတယ်

commentinfo By: မေပျို at Dec 11, 2012
Comment #3

Like so much.

commentinfo By: ei lay at Dec 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment