Professional Authors

မာနချစ်သူ

ငါက

သိပ်ချစ်လို.

စွန်.ပစ်ခဲ့သူပါ……

တဒင်္ဂအဖြစ်နဲ.

ထာဝရ ချစ်မိသွားတာပါ

ဒါပေမယ့်ကွယ်…..

နင်ရှိရာ…..ငါ

ခြေတစ်လှမ်းမှ မပေါက်ခဲ့ဘူး

နှလုံးသားနဲ.တော့ အကြိမ်ကြိမ်ရောက်ပါရဲ.။

တောင်းခံဖို. ပေးအပ်တဲ့မေတ္တာ

ရလိုမှုကို ဖုံးကွယ်ထားတဲ့အကြင်နာတရား

တစ်ခုမှ

ငါ့မှာ မရှိခဲ့။

တံခါးပိတ်ပြီး

တိတ်တိတ်ကြေကွဲချင်ကြေကွဲမယ်

ရင်ထဲက ဒဏ်ရာမှန်သမျှ

မင်း…..မသိစေရဘူး။

ဒူးမထောက်တဲ့မာနနဲ.

ငါ့ရဲ.ချစ်ခြင်းကို

မင်း….သိသွားရင်……..

ရယ်ဟဟ နှုတ်ခမ်းထက်က

ဆွေးတသသအကြည့်

မင်းမသိလိုက်ဘူးမဟုတ်လား။

ငါက

သိပ်ချစ်လို.

ရှုံးမယ့်စစ် တိုက်ခဲ့တာ။ ။

In: ကဗျာ Posted By: Date: May 21, 2010
Comment #1

ကဗျာလေးကောင်း၏

commentinfo By: melodyphyO at May 21, 2010
Comment #2

တို့အဖြစ်နဲ့တူတယ် ကဗျာလေးကကောင်းတယ်နော်

commentinfo By: kk at Jun 10, 2010
Comment #3

မဟုတ်ဘူး။ ကဗျာအကြောင်းရင်းက စစ်မရောက်ခင် မြားကုန်နေတာပါ။

commentinfo By: မနောဖြူလေး at Jun 14, 2010
Comment #4

အားပေးသွားပါတယ် ကဗျာလေးကို ကြိုက်တဲ့အတွက် ကူးယူခွင့်ပြုပါ

commentinfo By: ဆုပြည့် at Jul 1, 2010
Comment #5

လက်ခံနိုင်တယ်ဆိုရင် တိုက်ပေါ့ရှင်…း)

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #6

တွယ်တာသမျှ…ကွယ်၇ာလွင့်ပြေး ၊ ဝေး၇တော့မည် တသနှမျော ၊ ပျောမပြသာ သောကနာ၇ီ ၊ မျက်၇ည်ဝဲလို့ နှစ်ကိုခွဲဖို့၊ ငိုပွဲချုပ်ထိန်း သူစိမ်းကဲ့သို့ စိမ်းတဲ့၇ုပ်ဟန် ကိုယ်စီဖန်ဆင်း သက်ပြင်းမချ ပင့်သက်မလိုက် မငို၇ှိုက်ဘူး အချစ်ဦးေ၇ ကျောခိုင်းလိုက်စဉ် နွေ၇င်ပြင်ထိ ၇င်မှ့ဗလာ ဟာတာတာနွမ်း ခြေတစ်လှမ်းခြင်းေ၇ွ့လျား၇င်းနဲ့ ချစ်ခြင်းမျက်နှာ အသာငဲ့လွမ်း ဇာတ်သိမ်းခန်းမှာ ကမ္ဘာတစ်ခြမ်း ပျက်သွားပြီ။…း

commentinfo By: ardan.innwa at Oct 7, 2010
Comment #7

ူသူငယ်ချင်းတွေ၇ဲ့ ကဗျာတွေကကောင်းပါတယ်..ကျေးဇူးတင်ပါတယ်…

commentinfo By: ardan.innwa at Oct 7, 2010
Comment #8

ရယ်ဟဟ နှုတ်ခမ်းထက်ကဆွေးတသသအကြည့်မင်းမသိလိုက်ဘူးမဟုတ်လား။ငါကသိပ်ချစ်လို.ရှုံးမယ့်စစ် တိုက်ခဲ့တာ။ ။

commentinfo By: ဆူး at Jan 29, 2011
Comment #9

ကောင်းပါတယ်

commentinfo By: ကြယ်စင်လေး at Feb 20, 2011
Comment #10

Lu mike

commentinfo By: ei lay at Nov 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment