Professional Authors

ပိုး ဖ လံ

ပူလောင်မယ်မှန်း သိရက်နဲ့ 
တိုးဝင်မိတဲ့
ပိုးဖလံလေးပါကွယ်…
မင်းရယ်သံ တစ်ချက်ကြားတိုင်း
ငါ့အတောင်ပံတွေ
အားတိုက်အင်တိုက်
ရိုက်ခတ်
တကယ်တော့
ငါ့ဟာငါ အမိုက်ဇာတ်
သွင်းနေခဲ့ မိတာပဲ..
မင်းထားခဲ့မယ်ဆိုရင်လည်း
မင်းရက်စက်မယ်ဆိုရင်လည်း
မင်း…
ဆိုရင်လည်း
ဘယ်လိုပဲ ဖြစ်ဖြစ်
ငါဟာ
အသည်းခွဲ အသက်နှုတ်ခံရမယ့်
ပိုးဖလံလေးပါပဲကွယ်…။

In: ကဗျာ Posted By: Date: Jun 6, 2010
Comment #1

ထိတယ် မိတယ် ကြိုက်တယ် ခိုက်တယ်

commentinfo By: ကိုချူချာ at Jun 6, 2010
Comment #2

thz

commentinfo By: MInn Htet at Jun 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment