Professional Authors

ကဗျာထဲမှာ မုန်းလိုက်မယ်….

ဓါးသွားထက်ကပျားရည်မဟုတ်ဘူး
နှုတ်ခမ်းပါးထက်က အဆိပ်တွေ…
လိုလိုချင်ချင်ခံယူခဲ့တဲ့ ငါ့အပြစ်နဲ့ငါမို့
လွမ်းဆိပ်တက်ရင်း ကျေနပ်နေမယ်
ငါ့အတွက်ဖြေဆေးမလိုပါဘူး…
အသည်းခွဲဖို့မွေးလာတဲ့မင်းကို
လွမ်းဖို့ဖြစ်လာတဲ့ငါ…..
မင်းကြိုက်သလောက်ရက်စက်လိုက်စမ်း
နာကြင်မှုတွေနဲ့အတူရှင်သန်နေဦးမှာပဲ……..
မပြုံးနဲ့…
မင်းပြုံးနေတာအပြုံးအတုတွေ
လွမ်းအောင်ရယ်တဲ့မင်းကို
ရင်ဘတ်ထဲကလွမ်းနေတာ
အဲဒါအလွမ်းအစစ်တွေလေ…
လက်ခံမယ့်သူမရှိတဲ့ တမ်းတခြင်းတွေက
တန်ဖိုးနှိမ့်ချခံလိုက်ရတော့…
ငါ့ရဲ့အမုန်းအတုတွေနဲ့ မင်းကိုမုန်းနေခဲ့တာ
ဒဏ်ရာအစစ်တွေတောင် တဆစ်ဆစ်နဲ့နာကြင်လာလို့….
ကဗျာထဲမှာပဲမင်းကိုမုန်းမယ်….
ငါမင်းကိုသိပ်မုန်းတယ်……….

In: ကဗျာ Posted By: Date: May 5, 2011
Comment #1

ကဗျာထဲမှာရော တကယ်မုန်းလို့လား

commentinfo By: virtualheart at May 5, 2011
Comment #2

အသည်းခွဲဖို့မွေးလာတဲ့မင်းကို
လွမ်းဖို့ဖြစ်လာတဲ့ငါ…..
မင်းကြိုက်သလောက်ရက်စက်လိုက်စမ်း
နာကြင်မှုတွေနဲ့အတူရှင်သန်နေဦးမှာပဲ……..
မိုက်တယ် လွမ်းနောင် ရယ်…..တကယ်ကောင်းတယ် ကဗျလေးက….။ ။

commentinfo By: ကေသရီ at May 5, 2011
Comment #3

ok,,ok,,only in poem naw.
dar pe.
he,,he..

really really nice,

commentinfo By: ei lay at Aug 3, 2011
Comment #4

လွမ်းအောင်ရယ်တဲ့မင်းကို
ရင်ဘတ်ထဲကလွမ်းနေတာ
အဲဒါအလွမ်းအစစ်တွေလေ…
လက်ခံမယ့်သူမရှိတဲ့ တမ်းတခြင်းတွေက
တန်ဖိုးနှိမ့်ချခံလိုက်ရတော့…

commentinfo By: ma at May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment