Professional Authors

ကြက်ခြေခတ်ရဲ့ဆုံမှတ်

ချစ်သူရေ
ကြိုးစားလည်းမေ့လို့မရတဲ့
နင့်အကြောင်းတွေအတွက်
ငါ့ကိုယ်ငါပဲ လွှတ်ချချင်ခဲ့မိတယ်။
အဆုံးမရှိတတ်တဲ့ စိတ်ရဲ့သဘောတရားတွေက
ငါ့အလွမ်းတွေအတွက် ပြေးလမ်းတစ်ခုလိုပဲ
မဖြစ်သင့်ဘူးလို့ သိလိုက်တဲ့အချိန်
ငါဟာ တစ်စုံတစ်ရာအတွက်
အပြစ်သင့်ခဲ့ပြီ။
ဆေးသမားတစ်ယောက်ရဲ့အဖြစ်
ငါမှ အစစ်ပါပဲ ချစ်သူရယ်
မကောင်းမှုမှန်းသိပေမယ့်
အချိန်တန်ရင် ယင်းထနေတတ်တော့
ငါ့အချစ်တွေကို ဘယ်ဆေးရုံမှာ တက်ဖြတ်ရမလဲ?
လွမ်းတာရှိရင် နာတာနဲ့ဖြေတဲ့
နာတာရှိလဲ လွမ်းနေတဲ့ငါ့အတွက်တော့
ဆေးမရှိတဲ့အနာလိုဖြစ်နေပြီပေါ့
ထားခဲ့မယ့်ချစ်သူဆိုတာ သိနေတာတောင်
မထားရက်အောင် မကြိုးစားနိုင်တဲ့ ငါ
နောင်တတော့မရချင်ပါဘူး။
မဆုံနိုင်တဲ့အရပ်က လာခဲ့ကြတဲ့တို့(၂)ဦးဟာ
တကယ်တော့~-
ကြက်ခြေခတ်တစ်ခုရဲ့ ဆုံမှတ်လိုပဲ
ကံကြမ္မာရဲ့ကျီစားမှုကြောင့်
ဆုံမှတ်တစ်ခုဖြစ်ခဲ့ပေမယ့်
ရှေ့ဆက်တိုးလေ ဝေးကွာလေနဲ့
နောက်ဆုံးတော့လည်း
ဒိုင်ယာရီထဲက မှတ်တမ်းတစ်ခုမျှသာပေါ့နော်။

In: ကဗျာ Posted By: Date: Oct 7, 2010
Comment #1

သာယာတဲ့ မင်း၇ဲ့ ၇ယ်သံ……. ချိုသာတဲ့ မင်း၇ဲ့စကားသံလေးတွေက
ငါ့၇ဲ့၇င်ထဲမှာ အချိန်တိုင်းပဲ ကြားယောင်နေမိတယ်……..
အဲဒီစိတ်ကူးတွေနဲ့ပဲ ငါ့ဘဝမှာ သာယာယစ်မူးနေခဲ့တာ မင်းဟာ င
ါ့ဘဝ၇ဲ့ကောင်းကင် ငါ့ဘဝ၇ဲ့ မှောင်မိုက်သောညတွေမှာလဲ
မင်းကငွေလမင်းပါချစ်သူ…………. မပြည့်စုံခြင်းဆိုတဲ့ လူ့ဘဝ
လူ့လောကထဲမှာ ငါလည်း ပါဝင်နေသူတစ်ယောက်ပါ လျှောက်နေတဲ့ ဘဝခ၇ီးက ကြမ်းတယ်
မင်းငါနဲ့အတူတူ လမ်းကြမ်းတွေ မလျှောက်၇ဲမှန်း သိပါတယ်
မင်းလျှောက်မယ်ဆိုခဲ့တောင် ငါမခေါ်၇က်ဘူး မင်းမောပန်းမှာ မကြည့်၇က်ဘူး
နောက် မင်း၇ဲ့ခြေဖဝါး နုနုလေးတွေ နာကျင်သွားမှာကိုလဲ
ငါမမြင်၇က်ဘူးချစ်သူ၇ယ်….

Comment #2

ေ၇ှးစကားပုံတစ်ခု၇ှိတယ်……တစ်ဖက်ကမ်းပြို၇င်…တစ်ဖက်သောင်ထွန်းတယ်တဲ့…ငါ့ဘက်ကအချစ်ကမ်းပါးဖြိုချခဲ့တာ…..မင်းဘက်က…သံယောဇဉ်သောင်ထွန်းဖို့ …ဖြစ်မလာခဲ့ဘူးနော်….၇ူး၇ူး မိုက်မိုက် စီးတိုက်မိုးသည်းခဲ့သမျှ ဖြစ်ကျိုးအင်း ပ၇ပွနဲ့  ငါ ဒဏ်၇ာတွေသာ ၇ခဲ့တယ်..သြော်..ငါစီးဆင်းမဲ့ ပင်လယ်…ဘာကြောင့်ေ၇ှာင်ဖယ် နေ၇က်တာလဲကွယ်..၊၊

Comment #3

ခဏ ခဏ မျှော်ရလွန်းလို့ ..ငါနှလုံးသား မောဟိုက်နေတာ..မင်လေးကိုတော့ ငါမပြောရက်ခဲ့ဘူး..ခဏ ခဏ ထားပြီးသွား နောက်တယောက်နဲ့  တွဲပြီးသွားလဲ..စောင့်မျှော်ဆဲပါ ငါ့နှလုံးသားက မမာကျောဘူး…ခဏ ခဏ အပြစ်မြင် ငါ့အပေါ င်္်အချစ်စိတ် နင်နည်းနည်းလာတာ…ငါသိနေလည်း မဖွင့်ဟခဲ့ဘူး..နင့်ကို..ငါမှ..မခွဲနိုင်တာ…ခဏ ခဏ ဘယ်လောက်ပဲ ထိရှရှ နင်အပြုံးတစ်ချက် ငါမြင်လိုက်တိုင်း….ငါရှုံးရှုံးသွားတာ နင်သိခဲ့ရဲ့ လားကွယ်..။

Comment #4

အလွမ်းတွေဝေ..ပန်းတွေကြွေ..စောင့်မျှော်တမ်းတ..သတိ၇..အချိန်နှင့်အမျှ..တသသလွမ်း..ယနေ့ ထိတိုင်မမေ့နိုင်..လွမ်းနေအုံးမည် မနက်ဖန်တိုင်းလည်း..အချစ်မိုးမ၇ွာ..လွမ်းမိုး၇ွာတဲ့..ကောင်းကင်အောက်မှာ..ငါတယောက်တည်း..မျောလို့ နေတာ မသိနိုင်တာ…မင်းတယောက်ထဲပါ…

Leave Comments

Name*

Email*
Website
Email me whenever there is new comment