Professional Authors

ရေတံခွန်ကြီးပြောတာမှန်တယ်… လူတွေက……………….တွေတဲ့

ဖဝါးတစ်စုံ ရဲ့ အောက်က တောင်တန်းကြီးနဲ့ 
တေးသွားဖွဲ့ နေတော့ ..သားချော့တေးတစ်ပုဒ်ရတယ်
ေ၇တံခွန်ကြီးကပြုံးကြည့်ပြီး.အရူးတွေတဲ့လေ

ဗီးနပ်စ်ကလက်တွေမရှိတော့ ကျူးပစ်အတွက်
ထွေးပွေ့ ခြင်းတွေကင်းမဲ့တယ်
တစ်ခါတစ်ခါ ..လိုက်ဖက်မညီတဲ့ချစ်ခြင်းတွေဖြစ်တော့
ဒါဖူးစာတဲ့ ..ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲလေ ဘယ်တတ်နိုင်ပါ့..

တစ်ဖက်နဲ့ တစ်ဖက်ပြေငြိမ်းချင်တယ်
အလံဖြူက လက်မထောင်တယ်..
ဒီတစ်ခါ သူ့ အလှဲ့ ရောက်ပြီလို့ ကြွေးကြော်လိုက်တယ်
ဆောရီးပါ..အလံဖြူ ..မင်းကိုမေ့နေမိတယ်

ငြိမ်သက်ခြင်းတွေအထီးကျန်သလို
တကယ်ဆို..အထီးကျန်တာလဲ ငြိမ်သက်စေတယ်

ရေပြင်က မအေးဆေးတော့ မုန်တိုင်းက ကခုန်
မျက်ရည်ဆိုတာ နယူတန်ပြောသလို ကမ္ဘာဆွဲငင်အားကြောင့်ကျ၏ ဆိုတဲ့
သီအိုရီလေးလဲရှိနိုင်တယ်..(မျက်ရည်တက်တယ်လို့ မှမရှိတာ)

အမှန်တရားကိုပြောင်းပြန်လှန်တိုင်း အမှားဖြစ်မလာတတ်တော့
ချစ်ခြင်းဆိုတာကိုပြောင်းပြန်လှန်ကြည့်တယ်
အဲဒီတော့………………………
ရေတံခွန်ကြီးပြောတာမှန်တယ်…
လူတွေက……………….တွေတဲ့ ။

In: ကဗျာ Posted By: Date: Dec 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment