Professional Authors

မင်းမှန်တယ်….

ကဗျာတွေ၊သီချင်းတွေရေးတိုင်း
မင်းအကြောင်းမပါအောင်
ကြိးစားရေးပေမဲ့
မသိစိတ်က အမြဲလိုလို ရှေ့ဆောင်နေတယ်…

မင်းတော်ပါတယ်
ငါကို အရှုးဖြစ်အောင် မင်းလှည့်စား
မာယာတွေနဲ့ မြူစွယ်
အဲဒါကို ငါအချစ်စစ်ထင်ပြီး
ငါ့ဘဝတစ်ခုလုံးကို လောင်းကြေးထပ်
ဘာမဆိုမမှုဘဲ မင်းဘက်က ရှေ့နေလိုက်
ကျောချမှ သူခိုးမှန်းသိရတဲ့အဖြစ်ဆိုးပါတယ်…

မင်းနိုင်ပါတယ်
ငါ့အချစ်တွေလည်း ဗေဒါလိုရေထဲမြော
ကပ်ချင်ရာကပ် လှိုင်းခတ်ပြီး
ဆုပ်ပျက်ခဲ့ပါပြီ …
ဘာလိုချင်သေးလဲ ပြောပါအမိ
ငါဘက်က အမိအတွက်ပေးနိုင်သေးပါတယ်..
သွေးအေးအေးနဲ့ လူသတ်သမားဆိုတာ
ငါအခုမှ ယုံခဲ့ပြီ….

မင်းမှန်ပါတယ်
မင်းလိုချင်တဲ့ ရုပ်ဝတ္တုပစ္စည်း
ငါမပိုင်ဆိုင်ပေမဲ့
မင်းလိုအပ်ရင် ငါကို ခေါ်ဖို့မမေ့ပါနဲ့
မကျက်သေးတဲ့ ဒဏ်ရာတချို့နဲ့
မင်းဆီကို သွေးစက်တွေနဲ့အတူ
အရောက်လာခဲ့ပါမယ်… ချစ်သူ…

အသဲကွဲသမားတစ်ယောက်ရဲ့ ခံစားချက်ကလေးကို
ခံစားတင်ပြရင်း………
                                                                 စိုး………….

In: ကဗျာ Posted By: Date: Aug 7, 2012
Comment #1

D lout chit dat Thu, d lout nar le pay naing dat Thu,d lout ta baw htar g myat de Thu ko,, d lo loak de,,hote lar?
Daw daw ko a ti nyan ma Shi de mai ka lay par lar naw?
Ta nar phoe kaung de main ka lae pe.
A kaung sone Thu ko ma pine sine ya de a pyin wit le tar le khan ya ong me.

commentinfo By: ei lay at Aug 7, 2012
Comment #2

ကျွန်တော် နဲ့ တိုက်ဆိုက်တယ်ဗျာ…..သီချင်းတွေရေးတိုင်း သူ အကြောင်းမတွေးလို့ မရဘူး ……..ကြိုက်လို့  fb မှာ share p ako…..nice

commentinfo By: gg at Aug 8, 2012
Comment #3

မအိလေးနဲ့…အစ်ကို gg ကို ကျေးဇူးတင်ပါတယ်..ယူပါ..ကြိုးစားနေလျက်ပါ..အခုလို အားပေးတဲ့အတွ့် ကျေးဇူးတင်ပါတယ်…

commentinfo By: soe at Aug 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment