Professional Authors

လမ်းဘေး ဘာသာစကား ကဗျာ ( ကြည်ဇော်အေး)

ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့ သုံးပါတယ်
ပြသနာတက်နေရင် တိုင်ပတ်တယ်လို့ ပြောပါတယ်
ပြသနာရှာနေတဲ့လူကို အထုပ်လို့ ခေါ်ပါတယ်
ကလေကချေကိုစရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင်
ဇယားလေးကမှည့်တယ်လို့ပြောပြီး
ကိုယ့်အိမ် ကိုယ် ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ် ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကိုသားကြီးလို့ သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့
ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ် အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်း တစ်လုံး ရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်ဖို့
အိပ်ရေး၀၀ အိပ်ထားဖို့လိုအပ်လို့
ကိုယ့်ဘိမှာကိုယ် အေးဆေး ကျိုးနေပါတယ် ။ ။
ကြည်ဇော်အေး
သရဖူ မဂ္ဂဇင်း ၊ ဖေဖော်ဝါရီလ ၊ ၂၀၀၉ 
Comment #1

အင်း ကောင်းပါတယ် ..

commentinfo By: မေပျို at Dec 8, 2012
Comment #2

He..he..
Nice.

commentinfo By: ei lay at Dec 8, 2012
Comment #3

လွှတ်ကို ရိုးသားတဲ့ ကဗျာပဲ။ ကျေးဇူးပါဗျာ။ ကူးယူသွားပါတယ်။း)

commentinfo By: ကြယ်စစ်သည် at Dec 9, 2012
Comment #4

ကော်ဖီကောင်းကောင်းသောက်ဖို့ ကျွန်တော် အချိန်၇နှစ် မပေးနိုင်လို့ မသောက်တော့ပါဘူးဗျာ….တကယ်ကောင်းတဲ့ကဗျာပါ…

commentinfo By: ကျော်ငြိမ်းအောင် at Jun 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment