Professional Authors

အချစ်ကဗျာ (ကြည်ဇော်အေး)

ခြေထောက်မှာ
ခွေးကိုက်ရာက သေရာပါတော့မယ်
ဒီအမာရွတ်အကြောင်း
ခေါင်းအေးအေးထားစဉ်းစားမယ်
သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့
ချစ်ခြင်းဟာ
ဘယ်ပုံဘယ်နည်း သွားဆိပ်တက်သလဲ သိချင်တယ် ။
စားဖူးသမျှ ဆီဦးထောပတ်များစွာမှာ
အခုလို မိုက်တွင်းနက်ပစ်လိုက်ရတာဟာ
အရသာအရှိဆုံးပဲ ။
မိုက်ရူးရဲစိတ်နဲ့
ခွေးကိုမှ ကဗျာရွတ်ပြမိတယ် ။။

ကြည်ဇော်အေး

Comment #1

အတန်းအစားနှင့် ချစ်ခြင်းတရားလား။ တရားမယ်လို့ ထင်သလား။ ဘာသာစကားမှာ code ကနေ decode လိုပေးမယ့် ချစ်ခြင်းတရားမှာ code မလိုဘူး ။

နရီထက်

commentinfo By: Nayihtet at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment