Professional Authors

အဆုံးမှစတဲ့အနာဂတ်လမ်း

စွယ်တော်ရွက်ကလေးလိုစိမ်းမြ

နှစ်လွှာပေါင်းမှတရွက်တဲ့

ငါမမက်ခဲ့ဘူးပါဘူးအရင်က

မင်းစိတ်ကူးတွေကမ္ဘာမြေကိုတူးဆွ

မင်းယုံကြည်မူတောင်တန်းကြီးလိုမောက်ကြွ

မလှပတဲ့အ၇င်ကံကြမ္မာက

အချစ်နဲ့ငါ

ဝမ်းနည်းပန်းနည်း

မျက်ရည်ကျခဲ့ရတယ်

အလွမ်းတွေတနင့်တပိုးထားခဲ့တယ်

ဒါပေမယ့်

ဥတုမျှတတဲ့နေ့ဆုံတွေ့ခဲ့

ပန်းပေါင်းတစ်ရာပွင့်မယ့်

ငါတို့ရဲ့အလှဆုံးရဲတိုက်ကရှိခဲ့ပြီပဲ

နှင်းဆီတောအုပ်ကလေးကိုဖြတ်လို့

ရင်ခုန်မွှေးပျံ့တဲ့လမ်းမှ

ဒီဇင်ဘာအေးမြမူတွေနဲ့အတူခံစားလို့

အရပ်လေးမျက်နှာ မတိမ်းမစောင်း

ဟောဒီကွက်လပ်ကလေးကို

နွေးထွေးချမ်းမြေ့မူတွေနဲ့ငြိမ်းအေးမူတွေ

ဖြည့်ဆီးရှင်သန်ဖို့

အချစ်နဲ့ငါ့ဆီလှပတဲ့ဇာတ်သိမ်းတစ်ခုကို

အစပြုဖို့အနာဂတ်လမ်းဆီ

လာလှည့်ပါတော့သခင်

ဘ၀အမောတွေကိုလျှောက်စရာလမ်းအဖြစ်

လက်တွဲလို့ကျော်ဖြတ်ကြပါစို့ရယ်

ဒီမှာ…ဟိုမှာ

ပရိသတ်တွေ

လက်ခုပ်တီးဖို့ပြင်နေကြပြီ။     ။(လမ်းညွှန်ပေးခဲ့သူများအား

အထူးကျေးဇူးတင်လျှက်)

In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment