Professional Authors

မောင့်မှာတမ်း (သော်တာဆွေ)

သော်တာဆွေဟာ စာဆိုကြီးတွေရဲ့ ကဗျာလင်္ကာတွေကို ‘တု’ပြီး ပျော်စရာစာသားလေးတွေနဲ့ ပြန်စပ်ခဲ့တာ သိကြပါလိမ့်မယ်။ ဒီကဗျာလေးတွေကို သူ့ရဲ့ ဝတ္ထု၊ ဆောင်းပါးတွေထဲမှာ ထည့်ရေးတတ်တယ်။ အခု တင်ပေးလိုက်တာတော့ ကဗျာမဟုတ်ပါဘူး။ မင်းသမီးကြီးဒေါ်မေရှင်ရဲ့ ‘ပျို့မှာတမ်း’ သီချင်းကို လိုက်ပြီးစပ်ထားတာ။

ကျွန်တော်ပြဇာတ်မင်းသား ဝတ္ထုထဲက ကူးထားလိုက်မိတယ်တာပါ။

(မေရှင်၏ ပျို့မှာတမ်း အလိုက်)

သောက်မှ၊ မူးမှ၊ မောင်ပျော်ရွှင်၊ လူပျိုစင်၊ ဒါပဲ စွဲလို့သာခင်၊ သောက်တော်ရေချမ်း – မသွေတမ်းဆင် – မောင့် တကိုယ်တည်း မနေနိုင်၊ မူးယိုင်ယိုင် – သောက်လိုက်ဘို့ စိတ်မှာ မြော်မြင်၊ ခုများဖြင့် သောက်အုံးမှာပင်၊ အချစ်တွေ့မှ မောင်ဖြတ်မယ်ခင်၊ သောက်ရတဲ့အလုပ် ဟုတ်သမျှ တင် ချစ်သူ့ထံရည်မှန်း မောင့်မှာတမ်း ဆက်လိုက်ပါတယ်ခင်။ ။

မိုးကလေး ညိုရင် သောက်စိတ်ပိုချင် – ညနေဆီ – နေရီရင်လဲ – ဝမ်းက ဟာမြဲပင်၊ ဟော်တယ်ဆိုင်ထဲ – ထိုင်မြဲ ရိုင် – နိုင်ပဲ – ဘွိုင် တွဲလို့ပင်၊ ဆိုင့်ပြင်ရောက်အောင် ပို့ရပါတယ်ခင်၊ စားစားသောက်သောက် – နေနေ – အရက်ရှိန်တွေ ပူသူပါခင်၊ ကြင်တော်မူအုံး ပျိုရဲ့ – သောက်တာမကြိုက်ရင်၊ အသနားခံ ရေးလိုက်ပါတယ်ခင်၊ အမူးသမား လက်ရေးသီရင် ခွင့်လွှတ်မယ်ထင်။ ။

တကိုယ်ရေချင်း – ပုလင်းကိုပင်၊ အဖေါ်လိုထား – ပျော်ပါးရာတွင်၊ လေးဘက်ကြီးထောက် မှောက်လျက်သည်ပင်၊ ဖေါ်မဲ့သူတွင် အထိန်းမဲ့တဲ့ ချည်ခင်ပင်၊ ကြာတော့ရင် – မောင်ခက်မှာပဲ – ကရုဏာထားပါတော့ခင်၊ အရက်ထက် မေ့ကိုပဲကြင်၊ မိဘအပေါ် ဆိုးခဲ့လေသမျှ၊ ပျို့စကားကျမှ နားထောင်မယ်ခင်၊ သနားစေချင်လို့ မောင့်ငွေလွှာတင်။ ။

In: ကဗျာ,သော်တာဆွေ Posted By: Date: Nov 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment