Professional Authors

‘ချစ်သူ့  ဂုဏ်ရည်’

‘ထိုင်’ တော့လဲယဉ်
‘ထ’ တော့လဲလှ
လမ်းလျှောက်ဟန် မူနွဲ့ နွဲ့ ကြောင့်
သူ့ အလှမှာဝပ်တွား ပန်းကလေးတွေခစားသည့်အပြင်
သမင်ငယ်မျက်လုံးလို
လက်ဝင်းတဲ့ကြယ်နှစ်စင်း
ကော့ဝိုင်းလှပ မျက်တောင်ထက်
ဇင်ယော်တောင် မျက်ခုံးကဗျာကြောင့်
မျက်ဝန်းမှာ’ ရသ’ မြောက်
စဉ်းစဉ်းသွယ် နှာတံအောက်မှာ
ကွေးညွှတ်နှစ်လွှာ နှင်းဆီကဗျာကြား
ပုလဲတော်ဝင် အလှဆင်သည့်နှယ်
အစီအရီ..။
ရွှေလည်တိုင်ထက်က ရွှေလည်ရေး
မြင်သူငေးစေသူပါ
ရွှေရင်လွှာ ဖူးပြည့်ပြည့်
ခါးသေးနွဲ့  သူ့ အမူအရာမှာ
ကဗျာ…ကဗျာ…ကဗျာ…….။

ဝေဟင်

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

အရမ်းလှတာပဲနော်

commentinfo By: မေပျို at Nov 29, 2012
Comment #2

Oh my god.
E lout taung hla lar?
😛

commentinfo By: ei lay at Nov 30, 2012
Comment #3

E lout hla nay yin Yin tone ya dar pop naw..
😛

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment