Professional Authors

အဝေးရောက်ချစ်သူ

ချစ်သူရယ်
ရေမြေတွေခြားနေလို့
အမုန်းကြီးမမုန်းလိုက်ပါနဲ့
တကယ်ဆိုရင် မင်းနံဘေးမှာပဲ
သေရမယ်ဆိုရင်တောင် နေနေဦးမှာပါ
ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ဘဝ
ရှေ့ရေးအတွက် သွားရတာမို့
မျက်တော်မညိုးလိုက်ပါနဲ့ကွာ…

ချစ်သူရယ်…
အိပ်လည်းမင်း၊စားလည်းမင်း
သွားလည်းမင်းဖြစ်တဲ့ငါပါ
အပိုတွေလည်းမပြောတတ်သလို
စကားတွေလည်းတတ်နေတာမဟုတ်ရပါဘူး
ရင်ထဲကဒီစကားတွေဟာ
ပန်းမရှိတဲ့ ဥယျာဉ်လို
မင်းမရှိတဲ့ အရပ်မှာ
အမှောင်တွေ မဲမှောင်နေဆဲပါ…

ချစ်သူရယ်
တခါတခါ အားငယ်ရတယ်
ဒီမှာဆို ကိုယ်စီအတွဲတွေနဲ့
ကိုယ်မှာတော့ လေမရှိတဲ့ဘောလုံးလို
ကန်ဖို့တောင် စိတ်ကူးမယဉ်ရဲခဲ့ဘူး
အချိန်ပြည့် မင်းအကြောင်းတွေနဲ့အက်ကြောင်းထပ်
မင်းနာမည်ကို တတွတ်တတွတ်ရေးဆိုပြီး
မင်းနဲ့တူ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟောင်းကို
အဖော်လုပ် မင်းနဲ့မဆုံနိုင်သေးသ၍
ကံကြမ္မာက အလှည့်မပေးသ၍ကတော့
မင်းဆီကို ခြေဦးလှည့်နိုင်မယ်မထင်ဘူးကွာ….

ချစ်သူရယ်
အဝေးရောက်နေလို့တော့
မေ့မထားလိုက်ပါနဲ့
ကိုယ်လွမ်းနေသလို မင်းလည်းလွမ်းနေလိမ့်မယ်လို့
စိတ်ကူးရင်းနဲ့ အမြဲတမ်း
မင်းလေး နေကောင်းပါစေလို့
ဆုချွေရင်း အဝေးရောက်ချစ်သူရေ
ကိုယ်အရမ်းလွမ်းတယ်၊အရမ်းချစ်တယ်ကွာ…

အဝေးရောက်ချစ်သူကို သတိရသောကြောင့်
                                     စိုး…..

In: ကဗျာ Posted By: Date: Jan 16, 2014
Comment #1

လွမ်းနေရပြီပေါ့ 🙂

commentinfo By: moezat at Jan 17, 2014
Comment #2

😛

commentinfo By: ei lay at Jan 18, 2014
Comment #3

ချစ်သူရယ်
အဝေးရောက်နေလို့တော့
မေ့မထားလိုက်ပါနဲ့
ကိုယ်လွမ်းနေသလို မင်းလည်းလွမ်းနေလိမ့်မယ်လို့
စိတ်ကူးရင်းနဲ့ အမြဲတမ်း
မင်းလေး နေကောင်းပါစေလို့
ဆုချွေရင်း အဝေးရောက်ချစ်သူရေ
ကိုယ်အရမ်းလွမ်းတယ်၊အရမ်းချစ်တယ်ကွာ…

commentinfo By: ei lay at Jan 18, 2014
Comment #4

ချစ်သူရယ်..:P
ကဗျာလေးကို ကြိုက်တယ်

commentinfo By: soul spirit at Jan 18, 2014
Comment #5

ရေမြေခြားနေရပေမယ့်…မေ့ပါဘူးကွယ်..

commentinfo By: ရဲရင့်ထွန်း at Jan 19, 2014
Comment #6

ကဗျာလေးကို လာဖတ်ပေးတဲ့ ကဗျာချစ်တဲ့သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်….
စိုး…

commentinfo By: soeoo at Jan 27, 2014
Comment #7

စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ်
အားပေးနေမယ်နော်

commentinfo By: ရီဝေ့သော at Feb 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment