Professional Authors

မှတ်တိုင်

အဲဒီမှာ
တော်တော်များများကတော့
စောင့်နေကြပေါ့ ။

အဲဒီမှာ
ဆက်လက်ထွက်ခွာသူတွေ
ရှိနေသလို
ဒီအတိုင်း
ဆက်စောင့်နေသူတွေလည်းရှိရဲ့ ။

အဲဒီမှာ
တွေဆုံခြင်းတွေရှိသလို
လွဲချော်ခြင်းတွေလည်းရှိနိုင်ငဲ့ ။

အဲဒီမှာ
အပျော်တွေနဲ့စောင့်နေသူ
အပူတွေနဲ့စောင့်နေသူ
အူတူတူနဲ့စောင့်နေသူ
…………စောင့်နေသူ
…………စောင့်နေသူ
…………စောင့်နေသူ

……………များစွာရှိခဲ့ ။

စောင့်နေရင်းနဲ့
အဖော်တွေတိုးလာသလို
ပျောက်ဆုံးသွားသူတွေလည်းရှိရဲ့။

ဘာပဲဖြစ်ဖြစ်
တစ်စုံတစ်ခုက
တစ်စုံတစ်ခုကို
စောင့်နေရလေရဲ ။          ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

ဘာပဲဖြစ်ဖြစ်
တစ်စုံတစ်ခုက
တစ်စုံတစ်ခုကို
စောင့်နေရလေရဲ

တူတူပါပဲနော်

commentinfo By: မေပျို at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment