Professional Authors

မာရသွန်

ပြေးသူကပြေး လိုက်သူကလိုက်
နေ့ စဉ်ရက်စက် လက်ချောင်းတွေကြား
ပြေးသူကပြေး လိုက်သူကလိုက်
ပက်ကြားအက် ဖုန်တွေတက်
ဝမ်းစာရဲ့ ဒဏ်မခံနိုင်မှုတွေထဲ
ပြေးသူကပြေး လိုက်သူကလိုက်
ဒီလိုနဲ့ ….
ခေတ်တွေဖြတ်ပြီး

သမိုင်းတွေဖြတ်ပြီး
သရေတများများနဲ့ 
အမြန်လမ်းမှကြီးရဲ့ ရယ်သံထက်မှာ
ပြေးသူကပြေး လိုက်သူကလိုက်
လိုက်သူကပြေး ပြေးသူကလိုက်
လိုက်သူကလိုက် ပြေးသူကပြေး
ပြေးသူကလိုက် လိုက်သူကပြေး
နောက်ဆုံး….
ပြေးသူလည်းပြေး လိုက်သူလည်းပြေး..။
In: ကဗျာ Posted By: Date: Nov 28, 2012
Comment #1

အင့် ပြိုင်တော့ဘူး

commentinfo By: မေပျို at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment