Professional Authors

ကမ္ဘာတည်သရွေ့ .. ( FOR ZMMC )

ဝေးနေတဲ့အချိန်

ချစ်လို့မ၀ ချစ်သူ့အလှကို

နှလုံးသားအနား ထားချင်သော်ငြား

ဘ၀ရှေ့ရေး စဉ်းစားတွေးပြီး

ခဏတာဝေးရ ရေမြေရယ်ခြားလို့

မိုင်ပေါင်းများစွာ ဝေးကွာနေလည်း

ကိုယ့်နှလုံးသားက သူ့တစ်ယောက်သာ

အစဉ်အမြဲ တည်ရှိနေဆဲ

နေ့စဉ်ရက်ဆက် အလွမ်းနှိပ်စက်လည်း

ခံနိုင်စွမ်းရည် ကြိုးစားတည်၍

ချစ်နှင့်ဆုံရက် မျှော်လင့်ချက်ကို

ငံလင့်စောင့်စား အချစ်များဖြင့်

ဆက်လက်အားတင်း ချစ်ခြင်းပြုမည်

ကမ္ဘာတည်သ၍  တည်စေသော် ။ လူဆိုး ( ခ ) ငပြည့်

 

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

လူဆိုး ကဗျာတွေ မဖတ်ရတာ နည်းနည်း ကြာသွားလို့  တောင့်တ နေတာ
အားပေးသွားပါတယ်

Comment #2

ကျေးဇူးပါ အမောင်လုလင် … 🙂

commentinfo By: chityellusoelay at Sep 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment