Professional Authors

မြေပြင်နဲ့ တောတောင်

ဘ၀တစိတ်တပိုင်း
ခိုင်းနိုင်းတထွေ
စိတ်ကူးမြွေလည်း
ဟိုဝင်ဒီမွှေ
တစ်နှစ်တနှစ်
အချစ်အမုန်း
မျိုးစုံစားသုံး
အပျော်အအော်
တလှည့်စီဝင်
ပျော်ဝင်မွန်းနစ်
အော်လောကကြီး
ထွေပြောထီထီ
ရှိလှပေ၏
လောဘဒေါသ
မောဟ မပယ်
အပယ်မကြောက်
မိမိကောင်းက
မိုးကောင်ကင်ပင်
ရှို့မီးတို့မီး
ပျက်စီးခြင်းတိုင်
ငါးပါးမှိုင်လို့
သဘာဝပစ္စည်း
သူတို့ဖျက်ဆီး
ဖြည်းဖြည်းချင်းပင်
ယို့ယွင်းလာပြီ
တဘို့ထဲကြည့်
ခဏသာယာ
ဖြစ်နေပါက
များမကြာသော
အချိန်တွင်ကား
အလုံးစုံစိတ်သုန်း
မိမိတို့ပြု
မိမိမှု့ကား
မိမိမက
မိမိသား
မိမိ မိသား
ထူးမခြားပင်
ခံစားရအံ
ထို့သို့ သောကြောင့်
ယခင်ကမှား
ယခုပင်ပြင်
ဒီမြေ ဒီရေ
သယံဇာတ
များပင်ငှားလည်း
တချိန်သောအခါ
ကုန်ပေလေအံ
ထိုကြောင့်တို့များ
ခုတ်ထွင်ရှငိးလင်း
သစ်တောတွင်းနှင့်
တူးဖော်လွန်စွာ
ရေနံဓါတ်ငွေ့
မကုန်အောင်ပင်
လျှော့ပေါ့ကာသုံး
သို့မှသာလျှင်
တို့တတွေ ကြောင့်
ပျက်စီးနေသော
တို့ရဲ့ကမ္ဘာ
ကာကွယ်နိုင်ပြီး
တို့မြေမှာလည်း
သဘာဝအလှ
တောင်စဉ်တောင်တန်း
မြစ်ဖျားမြေပြင်
အဖျက်ဆီးကင်း
လှသောကောင်းကင်
သဘာဝများ
ပျက်သုံးမသွားအောင်
တာဝန်များစွာ
ရှိကြပေရာ
သင်မည်သို့ပြုမည်နည်း………………….။

In: ကဗျာ Posted By: Date: Nov 28, 2012
Comment #1

🙂

commentinfo By: ei lay at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment