Professional Authors

ဆောက်ချင်တဲ့ အိမ်သစ်

နေပြည်တော်တွင်
၂၄ နာရီ
ဓါတ်မီးရောင်ခြည်
ထွန်းညီးကြည်၏။ ။
… ထူးဆန်းလိုက်တာနော်။ ။

ရွှေပြည်တော်တွင်
ဧရာမြစ်ကြီး သွင်သွင်စီးလည်း
ဓါတ်ငွေ့၊ ကျောက်၊ သံ ပေါပြည့်လျှံလည်း
မီးကလည်း ပြတ်၊ ရေက ငတ်။ ။
… ထူးဆန်းလိုက်တာနော်။ ။

သတင်းစာတွေကတော့
မီးကလည်း မှန်၊ ရေက သန်တဲ့။ ။

မိန်းမရေ…
တို့အိမ်ကလေးကို
သတင်းစာတွေနဲ့ ဆောက်ကြစို့။ ။

In: ကဗျာ Posted By: Date: Jan 29, 2012
Comment #1

kwi,,kwi,,,
rofl,,,,,,,,,,

commentinfo By: ei lay at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment