Professional Authors

ပြီးဆုံးရာ

မင်းရင်ခွင်ဆီ ပျံသန်းခဲ့ရ
ငါ့တောင်ပံတစ်စုံမှာ
အလွမ်းတွေ ပဲ့တင်မထပ်ရအောင်
စူးနစ်ခြင်းများစွာဖြင့်….

ဘယ်လို လက်မျိုးကမှ
ငါ့ကို မရိုက်ချိုးနိုင်ခဲ့ဘူး
မျက်စောင်းစူးပြီးသား ရင်မှာ
မျှော်လင့်ချက်တွေ လင်းဖြာလို့ပေါ့…

အိပ်မက်တွေရဲ့
အခန်းဦးမှာ စက်ရာဝင်သူရေ
ကြယ်တွေ ပွင့်တဲ့ရာသီတည့်တည့်
တိမ်ညိုတို့ လစ်လပ်သောချိန်ခါ
ဥသြရဲ့ပေးစာမှာ
သတိရလွှာလေးပါးစမ်းပါ…

မှော်ဝင်နှုတ်ခမ်းများအကြောင်းတွေးရင်း
ငရဲညတွေနဲ့ စစ်ခင်းခဲ့ပြီးပြီ
ကမ်းပါးနက်နက်တွေကိုခွဲဖြတ်ဖို့
မင်း ဆံနွယ်တွေက အလံတစ်လက်ပေါ့
လေလွှာလို ပေါ့ပေါ့ပါးပါး မင်းအနားလာခဲ့မယ်…

ပြုံးလိုက်ပ ချစ်သူရေ စနေဂြိုဟ်သေနေ့မှာ
ရွှေရောင်အလင်းတွေ စက်ဖြာ
ငါ့တပ်မဟာ ကိုချွေးတိတ်စေဖို့
လက်တို့မြဲမြံ
အနာဂတ်အတွက်
ယုံကြည်မှုတစ်စက်
ငါ့အတွက် ဒါပဲလိုအပ်ပါရဲ့…

In: ကဗျာ Posted By: Date: Nov 26, 2012
Comment #1

100% right.
Agree.

commentinfo By: ei lay at Nov 26, 2012
Comment #2

ရသ ပျင်းပျင်း စကားလုံးလေးတွေ ရွေးချယ်သုံးထားတယ်။
အရမ်းကောင်းပါတယ်။

commentinfo By: soewaihin at Nov 26, 2012
Comment #3

ကောင်းတယ်ရှင့် ဆန်းသစ်တဲ့အတွေးတွေပဲနော်

commentinfo By: မေပျို at Nov 26, 2012
Comment #4

မင်းရင်ခွင်ဆီ ပျံသန်းခဲ့ရ
ငါ့တောင်ပံတစ်စုံမှာ
အလွမ်းတွေ ပဲ့တင်မထပ်ရအောင်
စူးနစ်ခြင်းများစွာဖြင့်….

commentinfo By: mayviolet at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment