Professional Authors

အရေးပေါ် ကုထုံး

ကိုယ့်မှာရှိတဲ့ ပေတံလေးကို
စာဖတ်တတ်ဖို့ သင်မပေးမိဘူး
အုတ်ဂူမှာ ကိုယ့်နာမည်ကိုယ် ရေးပြီးမှ
ဘာကြောင့် သေသွားလဲ တွေးမိတယ်
ငါ …………..
ဘာကြောင့် သေသွားတာလဲ ???????

လူအရေခွံ ခြုံထားတဲ့ မာရ်နတ်

လူအုပ်ထဲမှာ လူကို ရှာမတွေ့ခဲ့ဘူး
စိတ်ရှိလက်ရှိ ဆွဲဆုတ်ပစ်လိုက်ပြီးမှ
အဲဒါ ဘာဖဲလဲ တွေးမိတယ်
ဒါ ………….
လူဖဲတစ်ချပ်များ ဖြစ်နေလား ?????

ကျည်ဆံ တစ်တောင့်ရဲ့ဘဝမှာ
လည်ပင်းမှာ အလှဆွဲတာ မလိုချင်ဘူး
ဥယျာဉ်တစ်ခုလုံး ပန်းတွေပွင့်ကာမှ
ဘာရနံ့မှ မရတာ သတိထားမိတယ်
ဟာ …………..
ကန်းနေတဲ့ ဥယျာဉ်ကြီးများလား ?????????

မနက်ဖြန်တွေ ရေစိုပါစေ
ပွင့်သစ်စိမ်းလန်းသော နက္ခတ်ဖြင့်
ကံကြမ္မာတို့ အချိန်မှန်ကြလော့
မျှော်လင့်သော အပြာရောင်စက်ဝန်းများ
အရုဏ်ကို ပန်ဆင်ညွတ်နူးကြ
မြဲမြံသော နှင်းဆီလက်ချောင်းများနဲ့
ငါ့ကမ္ဘာကြီး ချောင်းဆိုးကင်းပါစေ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Nov 25, 2012
Comment #1

ဥယျာဉ်တစ်ခုလုံး ပန်းတွေပွင့်ကာမှ
ဘာရနံ့မှ မရတာ သတိထားမိတယ်

commentinfo By: မေပျို at Nov 25, 2012
Comment #2

တစ်ပုဒ်လုံးသိပ်ကောင်းပါတယ်။နောက်ဆုံးအပုဒ်လေးအကြိုက်ဆုံးပါပဲ။

commentinfo By: lighthunter at Nov 25, 2012
Comment #3

ရသတစ်မျိုးလေးပဲ…

commentinfo By: mayviolet at Nov 26, 2012
Comment #4

A khu law law se hmar dot ei chaung tway a yann soe nay de.
🙁
🙁

commentinfo By: ei lay at Nov 26, 2012
Comment #5

အားပေးသွားပါတယ်ဗျာ

commentinfo By: HEROSMITH at Nov 26, 2012
Comment #6

ei lay mi mi ko ko ga yu size par nor.

commentinfo By: myintzaw at Nov 26, 2012
Comment #7

Thz for ur care.
I’ll b ok very soon.
😉

commentinfo By: ei lay at Nov 26, 2012
Comment #8

အားပေးသူ အားလုံးကို ကျေးဇူးတင်ပါ၏

commentinfo By: ChIr0N at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment