Professional Authors

ကုထုံး(မင်းလူန)

ပန်းတိုင်
မိုင်တိုင်
လိုက်ရင်းပြေးနေတဲ့ ဒြပ်မဲ့ နှစ်ခုအဆုံမှာ(ဆုံဖြစ်တဲ့ အခါ)
ပြည့် ဝကုံလုံခြင်းက
သုံညအမှတ်အောက်
သူနဲ့ ဘာမှမဆိုင်သလို
ပြုံးရင်း……..ပြုံးရင်းသာ…………
ကျပ်နေတဲ့ စိတ်ကို
ကျေနပ်အောငိဘယ်လိုနှစ်သိမ့် မှု့ မျိုးနဲ့ 
အကွက်ရွှေ့ ရွှေ့
ရင်မှာအရင်အတိုင်းခေါက်ရိုးတွေကျိုး
ပြီးတော့ ကြေ………………..
သြော်……..ဘ၀တဲ့ လား
အရိုးပေါ်အရေပြန်တင်ထားတဲ့ 
လူအိုတစ်ယောက်ကပိုပြီး
ကွက်လပ်များတယ်လို့ ထင်တာပဲ
 တိုးတက်ပြောင်းလဲမှု့ ကြောင့် 
ရမ္မတ်ပြေဆေး
ပေါ်လာရင်တူတူသောက်ကြတာပေါ့ ဗျာ
ခုတော့ 
ဆောင်သင့် တာ
ရှောင်သင့် တာလေးတွေ
များများထုပ်ပိုးလိုက်ရအောင်…………..

                        မင်းလူန
 

In: ကဗျာ Posted By: Date: Mar 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment