Professional Authors

ဆုံး စ မဲ့…

ညကမှောင်မိုက် လေတွေကတိုက်
သတိရမိတယ် ငယ်စဉ်ကဖတ်ခဲ့ဖူးတဲ့
ပုံပြင်တစ်ပုဒ် ၊ ဒရမ်မာဆန်ဆန် ပြဇာတ်
အခုချိန်မှာ မကြည့်ဖြစ်တော့တဲ့
အသည်းကွဲဇာတ်လမ်းတွေ
ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ဝိုင်းစက်နေတဲ့ လမင်းကြီးထဲမှာ
မ ကိုမြင်မြင်နေရတယ်
မ ကလှည့်လိုက် ၊ ကြည့်လိုက် နဲ့
ကျွန်တော်ကတော့
လွမ်းလိုက် ၊ ဆွေးလိုက်နဲ့
သစ်ရွက်တွေမဲ့နေတဲ့ သစ်ပင်တွေလို
ရေတွေခမ်းခြောက်နေတဲ့ ရေအိုင်လေးလို
အတောင်ပံ မပေါက်သေးတဲ့ ငှက်တွေတောင်
ပျံသန်းကုန်ကြပြီ ။
ကျွန်တော်လည်း မ ရဲ့ အချစ်တွေနဲ့
အဆုံး အစ မရှိပျံသန်းလိုက်ချင်တယ်
မ ရယ်………………………………………………………..

hnin z

In: ကဗျာ Posted By: Date: Nov 23, 2012
Comment #1

မ သိပါစေရှင်

commentinfo By: မေပျို at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment