Professional Authors

ဂင်္ဂါရဲ့ ချစ်သူ ပြည့်တန်ဆာနွံနစ် သတ်ကွင်းထဲကကောင်မလေး မိဧရာဝတီ-ရွှေကြယ်မိုး

အဲ့ဒီ့မြန်မာပြည်တနံတလျားရဲ့ စပါးကျီတစ်ခုလုံးကို
ခေတ်အဆက်ဆက်နင့်ရယ်သံ ခိုးခိုးခစ်ခစ်လေးတွေက ဖန်တီးပေးခဲ့တာ
ခုတော့…အဲ့ဒီ့ မြန်မာပြည်ကြီးကောင်းစားဖို့နင့်ကို ဆင်သတ်အရပ်ဝေတော့မတဲ့လေ

လူတွေက ဘာသာရေးတွေပိုလုပ်လာလေလေ ပိုပြီးခွေးဇာတ်ခင်းလာလေလေပဲ မိဧရာဝတီ
သူတို့လူတွေ ကိုးကွယ်ကြတဲ့ ဘာသာတရားမှန်သမျှဟာ တို့မြစ်တွေလောက် မဖြောင့်တန်းပါဘူး

မိဧရာဝတီ…
နင်ဟာ ဘုရင့်နောင်ရဲ့ ဖောင်ဖျက်တိုက်ပွဲကြားမှာ လှပကျော့ရှင်းခဲ့တယ်
နယ်ချဲ့တွေရဲ့ မီးသင်္ဘောလှလှကြီးတွေကြားမှာ ပွဲလယ်တင့်ဂုဏ်ဝင့်ခဲ့တယ်
ရှည်လျားတဲ့ ခေတ်ရိုင်းအစဉ်ဆက်တွေကြားမှာ သမိုင်းကိုလှပစွာရေးခဲ့တယ်

ဒါပေမယ့် အခုတော့ နူကလီးယားဓါတ်ပေါင်းဖို တစ်လုံးစာတန်တဲ့
နင့်သိက္ခာတွေ နင့်ကိုယ်ကျင့်တရားတွေကို နိုင်ငံကျော်ဈေးကွက်ကြီးထဲ ပို့လိုက်ကြပေါ့
ငွေသံကြေးသံတချွှင်ချွှင်နဲ့ ၀ိမလကောင်တွေရဲ့ နမ်းရှုံ့မှုမှာ နင်ဟာ လူးလွန့်ငိုချင်းချ
နင့်ရဲ့ ရင်သားတွေကလည်း ရှုံမွတွန့်ကြေကုန်ပြီပေါ့…မငိုနဲ့ မိဧရာဝတီ…မငိုနဲ့
နင်ငိုရင် သူတို့က ပိုတောင်ပျော်ကြဦးမှာ… ပို…တောင်…ပျော်…ကြ…ဦး…မှာ

 နင့်ကို ကာကွယ်ပေးမယ့်လူတွေ ရှိနေကြပေမယ့် နင်က အရင်လို မရှင်သန်နိုင်တော့ဘူး
 ဟော…မိဧရာဝတီ နင့်ဆီလာတဲ့ လမ်းတလျှောက်က ကျဉ်းသထက် ကျဉ်းလာနေပြီ
 နောင်ဆို ငါလာလို့ရတော့မယ် မထင်ဘူး…ငါသွားတော့မယ် …ငါ သွားရတော့မယ်
 ကျန်းမာရေးကို ဂရုစိုက်ပါ…အချိန်မှန်မှန် ခရီးနှင်ပါ…နှုတ်ဆက်ခဲ့ပါတယ် မိဧရာဝတီရယ်
နင့်ကိုချစ်တဲ့သူတွေအားလုံး နင့်အသက်နဲ့အရှက်ကို ကာကွယ်ပေးနိုင်ကြပါစေ…။    ။
                                    ရွှေ ကြယ် မိုး
                             www.shwekyalmoe.blogspot.com

In: ကဗျာ Posted By: Date: Nov 21, 2012
Comment #1

ကျန်းမာရေးကို ဂရုစိုက်ပါ…အချိန်မှန်မှန် ခရီးနှင်ပါ…နှုတ်ဆက်ခဲ့ပါတယ် မိဧရာဝတီရယ်

commentinfo By: mayviolet at Nov 21, 2012
Comment #2

သူမရှိနေသမျှ မြန်မာပြည်သူပြည်သားတွေ ရှိနေဦးမှာပါ

commentinfo By: maypyo22889 at Nov 21, 2012
Comment #3

ကဗျာကအရမ်းကောင်းပါတယ်။ ဒါပေမဲ့

လူတွေက ဘာသာရေးတွေပိုလုပ်လာလေလေ ပိုပြီးခွေးဇာတ်ခင်းလာလေလေပဲ မိဧရာဝတီ
သူတို့လူတွေ ကိုးကွယ်ကြတဲ့ ဘာသာတရားမှန်သမျှဟာ တို့မြစ်တွေလောက် မဖြောင့်တန်းပါဘူး

ဆိုတာဘာလဲဗျာ..။ ခင်ဗျား ဘာသာရေးတွေ ဘာသာတရားတွေကို ဘာတွေမကျေမနပ်ဖြစ်နေတာလဲ

commentinfo By: မိုးဝေ at Nov 21, 2012
Comment #4

လူတွေက ဘာသာရေးတွေပိုလုပ်လာလေလေ ပိုပြီးခွေးဇာတ်ခင်းလာလေလေပဲ မိဧရာဝတီ
သူတို့လူတွေ ကိုးကွယ်ကြတဲ့ ဘာသာတရားမှန်သမျှဟာ တို့မြစ်တွေလောက် မဖြောင့်တန်းပါဘူး
ကိုမိုးဝေခင်ဗျာ . . .
ကျွန်တော်ကတော့ ဒီကဗျာကိုရေးတဲ့ကဗျာဆရာဟာ၊ဒီစကားလုံးနဲ့စာကြောင်းတွေကို သုံးတဲ့ကဗျာဆရာဟာ ဘာသာရေးတွေ၊ဘာသာတရားတွေကို မကျေမနပ်ဖြစ်နေတာမဟုတ်ဘူးလို့
ပြောချင်ပါတယ်။သူချစ်တဲ့ကျွန်တော်တို့ချစ်တဲ့ဧရာဝတီကို မြတ်နိုးလွန်းတဲ့စိတ်နဲ့ မိဧရာကို
ဖျက်ဆီးကြတဲ့ကောင်တွေကို ရည်ရွယ်ပြီး ကဗျာဆရာက သူပြောချင်တာကို လောဘတကြီးပြောမိတာလို့ မြင်ပါတယ်။ကျွန်တော့်အမြင်သက်သက်ပါ။

ကဗျာဆရာကို ပြောချင်တာကတော့ . . .
ဟော…မိဧရာဝတီ နင့်ဆီလာတဲ့ လမ်းတလျှောက်က ကျဉ်းသထက် ကျဉ်းလာနေပြီ
နောင်ဆို ငါလာလို့ရတော့မယ် မထင်ဘူး…ငါသွားတော့မယ် …ငါ သွားရတော့မယ်
ကျွန်တော်တို့ အဲဒီလိုပဲ လှည့်ထွက်သွားမှာလား????ဆက်လျှောက်မလား?????

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Nov 22, 2012
Comment #5

ဟုတ်ပါတယ် ကိုမိုးဝေရေ
ကျွန်တော်က မြစ်တစ်မြစ်ရဲ့ ခံစားချက်ကို အဆုံးစွန်ထိပို့ထားတာပါ
ကိုသျှားပြောတာ မှန်ပါတယ်…ကျွန်တော်တို့က အပြင်မှာလည်း ညီအကိုတွေဆိုတော့
ကျွန်တော့်စိတ်ကို သူတပ်အပ်သိပါတယ်…။ ကျွန်တော် အစွန်းဆုံကို ပို့ထားတာပါ
ဒီကဗျာက ညှို့မဂ္ဂဇင်း ဒုတိယလထုတ်မှာ ပါမယ်လို့ ဆရာအောင်ရင်ငြိမ်းကပြောပါတယ်
အဲ့ဒီင့်္ စာနှစ်ကြောင်းကိုတော့ သူတို့က ဖျက်လိုက်တယ် ပြောပါတယ်
လေးစားစွာဖြင့်
ရွှေကြယ်မိုး

commentinfo By: yaewintaung at Nov 22, 2012
Comment #6

nice poem…..

commentinfo By: ivyyvi at Nov 22, 2012
Comment #7

ဟုတ်ကဲ့ပါ.။ ကျေးဇူးတင်ပါတယ် ကိုသျှားကိုရော.. ကိုရွှေကြယ်မိုးကိုရော.. ကျွန်တော်နားမလည်လို့ဖြစ်တာပါ..
တောင်းပန်တယ်ဗျာ…..ဝေဖန်သလိုဖြစ်သွားတယ်…. ကဗျာဆရာတွေကို ကျွန်တော်လေးစားပါတယ်.

မိုးဝေ

commentinfo By: မိုးဝေ at Nov 22, 2012
Comment #8

ဟူတ်ကဲ့ပါ ကိုမိုးဝေရေ ရပါတယ်
ကျွန်တော်က အိတ်ဇစ်တစ်ယောက်ပါ။

commentinfo By: ရွှေကြယ်မိုး at Nov 22, 2012
Comment #9

ကိုမိုးဝေကတော့ လုပ်ပြီဗျာ . . .
ဘာကိုမှ တောင်းပန်စရာမလိုဘူးလေဗျာ။
ကျွန်တော်တို့အားလုံးက ရဲဘော်ရဲဘက်တွေပါပဲ။
ကိုမိုးဝေကလည်း ဒီကဗျာကိုဖတ်ပြီး ဒီကဗျာကိုရေးလိုက်တဲ့ကဗျာဆရာအပေါ်
အကိုမြင်တဲ့အမြင်ကို ပြောတာပါပဲ။
ကျွန်တော်လည်း အကိုပြောသလို ကျွန်တော်မြင်တာကို ပြောတာပါ။
ဖတ်ပါ။ဝေဖန်ပါ။ကျွန်တော်တို့က ကြိုဆိုပါတယ်။
ဒါပေမယ့် . . .
အချင်းချင်း တကယ့်ရဲဘော်ရဲဘက်တွေအဖြစ် ယုံကြည်နေကြတော့
ကျွန်တော်တို့အားလုံးမှာ ကဗျာနဲ့ပတ်သက်ရင် ဘယ်တော့မှ တောင်းပန်စရာမလိုပါဘူးအကို။
ရွှေကြယ်မိုးကိုပြောချင်တာကတော့ . . .
ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်စေချင်တာပါ
ကိုယ့်ဘာသာကိုယ် အိတ်ဇစ်တစ်ယောက်ဖြစ်နေရုံမကလို့ မြန်မာနိုင်ငံရဲ့ယန်းပေါဆာ့တ်ပဲဖြစ်ဖြစ်
ဘယ်သူကမှ ဘာမှပြောမှာ မဟုတ်ဘူး။
ဒါပေမယ့် . . .
သိပ်တော့ မကြေငြာသင့်ဘူးထင်ပါတယ်။

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment