Professional Authors

ရေခိုးရေငွေ့နိယာမ-ရွှေကြယ်မိုး

ဇာတ်လမ်းတွေအဆက်ဆက်နဲ့
တောင်တွေအထပ်ထပ်ကို ဖြတ်ခဲ့တဲ့
ငါ့ရဲ့ စမ်းချောင်းလေးနဲ့မိန်းကလေး
ခု…ငါ့ကိုတိုက်စားလို့ကွယ်…
ခံနိုင်ရည်အင်အားတွေက
တဖဲ့စီ တဖဲ့စီ မျောမျောပါသွားတယ်
နင့်အပြုံးတွေနဲ့ဝေးရမှာကြောက်လို့
ပင်လယ်ဝရောက်သည့်တိုင်…
ဘယ်တော့မှ ငါလက်မပြဘူးကွယ်

အိပ်မက်တွေကလှတယ်
နိုးထလာတဲ့အခါ ဒဏ်ရာတွေပေလို့ပေါ့
ငါ့ရင်ဘတ်ရဲ့အရိပ်က နင်တဲ့လားကွယ်
ရှေ့မှာဘာတွေများထောင်ချောက် ဆင်ထားသေးလဲကွဲ့
အရှုံးကိုရရှိနေတာတောင် ထပ်ထပ်ရှုံးဖို့
ငါ ပြင်ဆင်ထားတုန်းကွယ်…

ဒီလိုပါပဲ…
ငွေ့ရည်ဖွဲ့ဆဲ အိမ်မက်တွေရဲ့
ကောင်းကင်ယံမှာ ကြွေကြွေကျတဲ့
ကြယ်ပွင့်တွေရဲ့ဆုတောင်းက
ဒီလိုပါပဲ…
ငါကြွေကျတဲ့အခါ နင်လိုရာကို
ဆုတောင်းပေါ့မိန်းကလေးရယ်…

ဟိုး….ကောင်းကင်ယံကြီးက
တဖြည်းဖြည်းနဲ့ ညှို့မှိုင်းလာခဲ့…
တို့တွေရဲ့တိမ်အပွင့်အဖတ်တွေက
ကဗျာအဖြစ်နဲ့ ရွာချလို့နေတယ်
ကံကြုံရင် ဆုံကြဦးမှာပါလို့ပဲ
ငါ ဖြေသိမ့်ရင်း…
ငါ ဖြေသိမ့်ရင်း…
ရွှေကြယ်မိုး
[email protected]
www.poemyae.blogspot.com
www.shwekyalmoe.multiply.com

In: ကဗျာ Posted By: Date: Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment