Professional Authors

သံလွင်တေးသံ (ဆရာတာရာမင်းဝေကို ဦးညွှတ်ခြင်း)

 

      ဥက္ကာပျံတွေကြွေကျတာလား

 တ၀ုန်းဝုန်းတဒိုင်းဒိုင်းလျှပ်စီးသံတွေက

မျက်တောင်တစ်ခတ်မှာ ကဗျာဖြစ်ခဲ့သတဲ့။

ဆယ်ထပ်တိုက်ပေါ်ကသူဌေးမင်းနဲ့

လမ်းဘေးက မိဘမဲ့ကလေး

ညည်းနေတဲ့တေးတောင်တူခွင့်မရှိရဘူးလား

ဒါဟာ တကယ်တရားရဲ့လားကွယ်။

လူသိရှင်ကြားနဲ့ဒီကမ္ဘာမှာ

လူမသိခဲ့တဲ့ ဒဏ်ရာအနာတရတွေအကြောင်း

ဖြစ်နိုင်ရင်နားထောင်ချင်ပါသေးတယ် မသံလွင်

ဒီလိုမိုးကြမ်းကြမ်းတွေစွေခဲ့တုန်းက

ဆိုးလှတဲ့ ကံကြမ္မာရယ်လို့များ

ကျွန်တော်ညည်းခဲ့ဘူးလို့လား

အမ မိုးပေးတဲ့ထီး တစ်ခုတည်းကိုဘဲခိုပြီး

ကျွန်တော် မငိုခဲ့ဘူးလေ။

အဲဒီတုန်းက

ကျွန်တော့ကို နှစ်သိမ့်ပေးသလိုလိုနဲ့

ကျောပေါ်ကို ပုတ်ခဲ့တာ

ဒုက္ခတွေကို သပ်ချပေးနေခဲ့တယ်ဆိုတာ

ဒီငတုံးက ခုမှသိခဲ့တယ် မသံလွင်ရယ်..။

တကယ်ဆို….ရင်

ကျွန်တော်ဟာ သံလွင်ကြောင့်ရဲရင့်ခဲ့သူပါ။

ဖြစ်နိုင်မယ်ဆိုရင်

ကျွန်တော်ရှေ့မှာ

ကဗျာတစ်ပုဒ်လောက် ရွတ်ပါဦးလား မသံလွင်ရယ်..။

အဝေးက သံလွင်တေးသံကိုနားထောင်ရင်း

ခု……

ကျွန်တော်ခပ်ရင့်ရင့် ကြေကွဲနေတယ်။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

ကျွန်တော် ..ဖတ်ရှု ခံစား အားပေးသွားပါတယ် ..

ခင်မင်လျှက်

commentinfo By: အသဲကွဲ မိုး at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment