ကျပျောက်သွားတဲ့ကျမ်းပိုက် ၁:၄၅
သူမသည် နှင်းဆီတစ်ပွင့်ဖြစ်ပါသည်
ဆူးများကြောင့်မဟုတ်
သူမသည် နတ်ဘုရားမ၏ရင်သွေးဖြစ်ပါသည်
ကောင်းကင်မှဆင်းသက်လာသောကြောင့်မဟုတ်
သူမသည် မြစ်တစ်စင်းလည်းဖြစ်သည်
ကမ်းစပ်နှစ်ခုကို မြင်ရသောကြောင့်မဟုတ်
သူမသည် ကျွန်ုပ် ၏ အိပ်မက်လည်းဖြစ်သည်
အသိမပေးပဲ ရောက်လွယ် ပျောက်လွယ်သောကြောင့်
သူမကို မျှော်လင့်ရခြင်းသည်
သင်၏ ဖမ်းဆုပ်မမိလိုက်သော မီးခိုးငွေ့ဖြစ်သည်
သို့သော် သင့်လက်ဖ၀ါးတွင် ရနံ့ (၀ါ) စွဲလမ်းမှု ခြေရာ ချန်ထားခဲ့သည်
သူမ သည် ကျွန်ုပ်၏ လ ကို ကွယ်စေနိုင်သော်လည်း
မိုးပြေးများသာ ရွာချစေခြင်းဖြင့်ပြုစားသည်
ထိုအခါ အလွမ်းများ ခိုက်ခိုက်တုန်အောင် ချမ်းလျှက်
မနက်ဖြန်တွင် ဆုံတွေ့ ရန် မျှော်လင့်ခြင်းဆိုသော ဖြေဆေးကို အိပ်မက်မက်စေသည်
သူမ၏ စကားသံများသည်
ကန်းသူကိုမြင်စေ
ဆွံ့အသူကို စကားပြောစေနိုင်ခြင်းဖြင့်
(ထိုသို့ငါ ယုံကြည်သည်)
ကမ္ဘာလောကသည် မနက်ဖြန် တစ်ရက်တိုး၍ အသက်ဆက်သည်
တကယ်တော့….
မျှော်မိခြင်းဟာ
ဝေးသွားလိုက်
နီးလာလိုက်နဲ့
ဆောင်းငွေ့ငွေ့လေး အေးလာချိန်မှာ
နှင်းဆီပန်းပွင့်လေး အစွမ်းကုန်ပွင့်နေမလား
ဂရိဒဣရီစာအုပ်ကြီး တောင်စောင်းက လိမ့်ဆင်းသွားမလား
ကွေ့လိုက် ကောက်လိုက် လောကမာယာတွေ
မြစ်တစင်းလို စီးဆင်းသွားမလား
အိပ်မက်ဟာ နောက်ဆုံးမှာ
မှော်ဆရာမ အယောင်ဆောင် ကိုယ်ယောင်ဖျောက်သွားမလား။ ။
Comment #4
သိပ် လှ တယ်
By: sharon myorr myor at Aug 5, 2012
Comment #7
be hna khar phat phat feeling ka ayann mike ei
with lots of lo
ve
By: ei lay at Feb 17, 2013




Comment #1
koh chit ya de thu ko tin sar yae phwe htar pone lay ka nu nyant p san tit like dar shin,,