Professional Authors

ညည… ကျွန်မကိုယ်ပေါ် ထိုးစိုက်လာတဲ့ လရောင်

…………………………………………………….
ညည… ကျွန်မကိုယ်ပေါ် ထိုးစိုက်လာတဲ့ လရောင်
…………………………………………………….

ကျွန်မကိုတွေ့ရင်
သူစိမ်းတစ်ယောက်လို…
လမ်းပျောက်နေတဲ့သိုးတစ်ကောင်လို….
ကျွန်မ
တစ်ခါမှ မသိကျွမ်းဖူးတဲ့ မြို့တစ်မြို့လို…
ရှင်ပါပဲ….

ဆာလောင်နေတဲ့လက်ချောင်းတွေနဲ့
ရှင် ကျွန်မဆီလာတယ်
ပြည့်ဝသွားတဲ့ခြေထောက်တွေနဲ့
ရှင် ထွက်သွားခဲ့တယ်…

ကျွန်မ..

တစ်ယောက်တည်း
ရှင်ထားခဲ့တဲ့လမ်းကလေးထဲ
ဘယ်တော့မှမလင်းလက်တော့တဲ့
ကြယ်တွေနဲ့အတူ
ကျန်ခဲ့တယ်….

အိပ်မရတဲ့ညတွေမှာဆို
တစ္ဆေခြောက်တဲ့ အိမ်တစ်လုံးဟာ
ကျွန်မပဲ..
ကျွန်မမတွေးချင်ဆုံးအရာက
ရှင့်အကြောင်းပဲ….

ရှင့်ကြောင့်….
ကျွန်မအိပ်မက်တွေ
သေဆုံးခဲ့ရတာ
ရှင့်ကြောင့်….
ကျွန်မညတွေ
ရှည်လျားခဲ့ရတာ
ရှင်သိလား
မနက်ဖြန်တွေထဲထိ
ရှင့်ကိုကျွန်မ မုန်းတယ်….၊၊ ။။

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment