Professional Authors

ထိန်သိမ်းပါလေ…………..

ရင်ဘက်ချင်းတူ
စိတ်တူခဲ့လို့
ရောက်ခဲ့ပန်းတိုင်
လှမ်းကိုင်နိုင်ပြီး
အနာဂါတ်ရေး
မျှော်တွေးချိန်ဝယ်
ရင်ထိတ်အရေး
ကြိုပြေးမြင်လာ
လုပ်နိုင်မှလုပ်
ပြောသောစကား
အမေ့နုတ်ဖျား
ဲမြွက်ကြားခဲ့တာ
မမေ့သင့်မို့
တို့တတွေမျှော်
မောခဲ့သော်လည်း
ယခုချိန်ဝယ်
လက်ဝယ်ရောက်သော
တို့များပန်းတိုင်
မယိုင်စေပဲ
စဉ်ပဲ့ကိုင်ရင်း
ညီညွှတ်ခြင်းအား
စဉ်ထိပ်ထားလို့
အများကြိုးဆောင်
စဉ်အောင်စေဖို့
ကိုယ်ကျိုးမဖက်
ဝန်မပျက်ဘဲ
အဖက်ဖက်တွေး
ရတက်အေးဖို့
မျှော်တွေးကာလေ
ညီကြစေသား
ညီနောင်များတို့………………..။

In: ကဗျာ Posted By: Date: Nov 13, 2012
Comment #1

great

commentinfo By: maypyo22889 at Nov 13, 2012
Comment #2

fighting

commentinfo By: ei lay at Nov 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment